တိုင်းလိ(လိရှမ်း)

တိုင်းလေ့(ခ)တိုင်းလိရှမ်းများသည် အသားဝါလူမျိုးမှ ဆင်းသက်လာပြီး မြန်မာနိုင်ငံတွင် ဝင်ရောက်နေထိုင်ခဲ့ကြသည့်ရှမ်းလူမျိုးတစ်မျိုးဖြစ်သည်။ တိုင်းလေ့(ခ)တိုင်းလိရှမ်းလူမျိုးများသည် တရုတ်ပြည်အလယ်ပိုင်းတွင် နေထိုင်စဉ် “ တိုင်း= ရှမ်း” ဟုခေါ်ဝေါ်ကြသော်လည်း နှစ်ရှည်လ များကြာလာသောအခါ တိုင်းလေ့(ခ)တိုင်းလိဟုခေါ်ဝေါ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာကို အများဆုံး ယုံကြည်ကိုးကွယ်ကြပြီး လယ်ယာနှင့်တောင်ယာလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပါသည်။ တိုင်းလေ့(ခ)တိုင်းလိ ရှမ်းလူမျိုးများသည် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းလား၊ မိုင်းယန်း နှင့် တာချီလိတ်တို့တွင် အများဆုံးနေထိုင်ကြသည်။

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

081-2125482