တိုင်းနေ(ရှမ်းတရုတ်)

မြောက်ပိုင်းဒေသကို ရှမ်းလူမျိုးများက အထက်အရပ်ဟု ခေါ်ကြသည်။ ထိုမြောက်ပိုင်းဒေသ (သို့မဟုတ်) အထက်ပိုင်း‌ဒေသတွင် နေထိုင်ကြသော ရှမ်းလူမျိုးများကို တိုင်းနေ = အထက်ရှမ်း ဟု ခေါ်ကြသည်။ မြန်မာနိုင်ငံအတွင်း၌ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ပျံ့နှံ့နေထိုင်ကြ ပါသည်။ သံလွင်မြစ်အနောက်ဖက်ကမ်းတွင်လည်း နေထိုင်ကြသည်။ ယခုအခါ တိုင်းနေလူမျိုးတို့ သည် ရှမ်းပြည်နယ်အတွင်း၌ မြို့နယ်တိုင်းတွင် အုပ်စုလိုက်သော်လည်းကောင်း၊ ရွာအလိုက်သော် လည်းကောင်း စုပေါင်း၍ နေထိုင်ကြသည်။ တိုင်းနေလူမျိုးများသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြ၍ အေဒီ ၁၇ ရာစုအတွင်း ကျိုင်းတုံမှ ဗုဒ္ဓဘာသာကို ရရှိလာခြင်းဖြစ်သည်။ လယ်ယာ၊ တောင်ယာနှင့် ခြံ စသည့်စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြပါသည်။

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

081-2125482