ကယန်း (လထ)

ကယန်းတိုင်းရင်းသားတို့သည်မွန်ဂိုလွိုက်မျိုးနွယ်မှဆင်းသက်လာကြသည်။ရှမ်းပြည်နယ် တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နှင့် ကယားပြည်နယ် ဒီမောဆို့မြို့နယ်တို့ တွင် အများဆုံးနေထိုင်ကြသည်။ ကယန်းလဟွီ (ခ) ကယန်းပဒေါင်၊ ကယန်းလထာ (ခ) ဇယိမ်း၊ ကယန်းကငန်(ခ)ယင်းဘော်၊ ကယန်းဂေခို၊ ကယန်းဂေဘာ(ခ)တောင်ပေါ်ကရင် တို့၏ ဒေသတို့ သည် တစ်ဆက်တစ်စပ်တည်းဖြစ်ပြီး ပြောဆိုသည့်စကားများကို အချင်းချင်းနားလည်ကြသည်။ ကယန်းတိုင်းရင်းသားတို့သည် ဆင်းရဲချမ်းသာမရွေးအိမ်တိုင်းလိုလို နံနက်မိုးလင်းလျှင် ခေါင်ရည် တစ်အိုးဖောက်ပြီး ဧည့်ခန်းရှိမိုးဖိုဘေးတွင် ထားရှိကာ သောက်သုံးသည့် ဓလေ့ရှိကြသည်။အများစု မှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ခရစ်ယာန်ဘာသာဝင်များလည်းရှိကြသည်။ကယန်းတိုင်းရင်းသား တို့သည် ယုံကြည်ကိုးကွယ်မှုဓလေ့တွင် ကမ်းခွမ် ခေါ် တံခွန်တိုင်သည် အထွပ်အထိပ်တိုင်တော် ဖြစ်သည်။လက်ထပ်မင်္ဂလာအခမ်းအနားတွင်ငွေဒင်္ဂါးမှာ မပါမပြီးချေ။ဆည်မြောင်းကိုအဓိကထား၍ သီးနှံများကို စိုက်ပျိုးကြသည်။စပါးအပြင် ဖရုံ၊ သခွား၊ ပဲ၊ ငရုတ်၊ ပိန်းဥ၊ မြောက်ဥ၊ အာလူး စသည့် သီးနှံများကို သီးညှပ်အဖြစ်စိုက်ပျိုးကြသည်။

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

081-2125482