ထနော့(ဓနော့)

မှတ်တမ်းဓာတ်ပုံမှာ ထနော့တိုင်းရင်းသားဝတ်စုံများသည် ယာယီသတ်မှတ်ထားသော ဝတ်စုံဖြစ်ပြီး ဝတ်စုံအား အတည်ပြုရွေးချယ်ပြီးသည့်အချိန်၌ ထပ်မံပေးပို့သွားမည်ဖြစ်ပါသည်။
“ထနော့” လူမျိုးတို့သည် ၎င်းတို့အချင်းချင်း “ကနော်” ဟုခေါ်သည်။ “ထနော့”တို့၏ စကား အရ “ကနော်” ဟူသော‌ဝေါဟာရမှာ “အေးအေးဆေးဆေးနေတတ်သောလူမျိုး” ဟုအဓိပ္ပါယ်ရ သည်။ ၎င်းတို့၏ ပါးစပ်ရာဇဝင်အရ ရှေးယခင် ဘုရားရှင်လက်ထက်က လူသားတို့အားစာပေနှင့် ဘာသာစကားတို့ကို ပေးသနား ရန်အတွက်လူသားမျိုးနွယ်များကို‌ ခေါ်ယူစည်းဝေးစေခဲ့သည်။ ထိုစည်းဝေးပွဲကြီးသို့ အခြားလူမျိုးအားလုံး ရောက်ရှိသွားချိန်တွင် ဘုရားရှင်မှ လူမျိုးတစ်မျိုး ကျန်ရှိနေကြောင်း သိရှိသွားပြီး သွားရောက်ရှာဖွေစေခဲ့သည်။ ဤသို့ဖြင့် လိုက်လံရှာဖွေကြသော် ထိုကျန်ရှိနေသောလူမျိုးငယ်သည် အိပ်ပျော်နေသည်ကို လူမျိုးကြီးထဲမှ အမျိုးသမီးတစ်ဦးက တွေ့ရှိသွားပြီးအိပ်ပျော်နေသော လူမျိုးငယ်အားအစည်းအဝေးသို့သွားရန် “ထ…နော်”ဟုနိုးခဲ့သည်။ သို့သော်ထိုလူသားသည် ဘုရားရှင်ထံရောက်သော်အစည်းအ‌ဝေးကြီးလည်း ပြီးစီးသွားပြီးဖြစ်ရာ ၎င်းလူမျိုးနွယ်အား ပေးသနားရန် စာပေနှင့်ဘာသာစကားများ မကျန်တော့သည့်အတွက် လူမျိုး တစ်မျိုးစီမှ ဘာသာစကားတစ်မျိုးစီပေးလိုက်ကြရန်နှင့် ၎င်းလူသားအား “ထ…နော်”ဟု နိုးခဲ့ရ၍ “ထ…နော်” မှ “ထနော်”၊ “ထနော်”မှ“ထနော့” ဟူသောတိုင်းရင်းသားမျိုးနွယ်အမည်တွင်လာသည် ဟုယူဆကြပါသည်။ “ထနော့”လူမျိုးတို့သည် ရှမ်းပြည်နယ် တောင်ပိုင်းကလောမြို့နယ်ရှိ တောင်ပို့လှ၊ ချောင်းခြားနှင့်သအယ်သစ်ကျေးရွာတို့တွင် အများဆုံးနေထိုင်ကြပြီး တောင်ကြီးမြို့နယ်၊ အေးသာယာ မြို့အနီး နောင်အင်ရွာတွင်လည်း အများဆုံးပြောင်းရွှေ့နေထိုင်ကြသည်။ ဘုရားဦးရွာ၊ ထုံးဖိုရွာ၊ သစ်ပင်ထောင်ရွာ၊ ဘန့်ဘုန်းရွာ၊ သိမ်ကုန်းရွာ၊ ရွာသစ်ကုန်းရွာတို့တွင် အနည်းငယ်ပျံ့နှံ့ နေထိုင်ကြပြီး တောင်ပို့လှနှင့် သအယ်သစ်ရွာ(၂)ရွာသာလျှင် “ထနော့”လူမျိုးများသီးသန့်နေထိုင် သော ရွာအဖြစ် ကျန်ရှိပါသည်။ ကျန်ရွာများမှာ ပအိုဝ်း၊ တောင်ရိုး၊ ဓနုတိုင်းရင်းသားလူမျိုးများနှင့် ရောနှောနေထိုင်ကြပါသည်။ အဓိကစီးပွားရေးလုပ်ငန်းများမှာ တောင်ယာနှင့်ခြံကို အဓိကလုပ်ကိုင် ကြပါသည်။

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

081-2125482