Select Page

တောင်ကြီး သြဂုတ်-၂၉
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲ၊ တောင်ကြီး(ရှမ်းပြည်နယ်)၏ နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံ (၂၀၂၆) နှင့် ကတိသစ္စာခံယူပွဲ အခမ်းအနားကို သြဂုတ် (၂၉) ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး၊ပြည်နယ်ဝန်ကြီးများ၊တိုင်းရင်းသားရေးရာဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကနိုင်ငံတော်ရဲ့တည်ဆောက်ပြုပြင်လုပ်ငန်းများတွင်အတတ်ပညာစွမ်းအားနှင့်အထောက်အကူပြုပါဝင်နိုင်ရန်ဦးတည်ဖွဲ့စည်းခဲ့သည့်မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှာမန္တလေးအသင်းခွဲပြီးရင်ဒုတိယမြောက်ဖွဲ့စည်းနိုင်ခဲ့သည့်တောင်ကြီးChapter သည် ယခုအချိန်တွင် (၁၈)နှစ် ပြည့်မြောက်ခဲ့ပြီဟု သိရှိရပါကြောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ ရှမ်းပြည်နယ်တောင်ကြီးChapterအနေဖြင့်နိုင်ငံအကျိုး၊အင်ဂျင်နီယာအကျိုးကိုဆထက်ထမ်းပိုးကြိုးစားအားထုတ်နိုင်ကြစေရန်နှင့်ထူးချွန်ထက်မြက်သောအင်ဂျင်နီယာကောင်းများအနေဖြင့်မိမိဒေသ၊မိမိပတ်ဝန်းကျင်ကိုအလှဆင်နိုင်ကြပါစေ၊အသင်း၏ဆောင်ပုဒ်ဖြစ်သည့်အင်ဂျင်နီယာစွမ်းအားပြည်ထွန်းကားဟူသောဆောင်ပုဒ်နှင့်အညီကျန်းမာအောင်နေကျေပြွန်အောင်ထမ်းရွက်ပြီး ထက်မြက်အောင်ကြိုးစားကြရန် ပြောကြား သည်။
ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဌေးက ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားပြီးမြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်အထွေထွေအတွင်းရေးမှူးချုပ်ဦးလှဝင်းက မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၏ လက်ရှိအခြေအနေများအား မိတ်ဆက်ရှင်းလင်း တင်ပြသည်။
၎င်းနောက်မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲ၊တောင်ကြီး(ရှမ်းပြည်နယ်)၏အကျိုးဆောင်နာယကဦးစိုးငြိမ်းကိုကအသင်း၏လက်ရှိအခြေအနေနှင့်ဆက်လက်လုပ်ဆောင်ချက်များအားရှင်းလင်းတင်ပြပြီးမြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲ၊တောင်ကြီး(ရှမ်းပြည်နယ်)ဥက္ကဋ္ဌဦးထွန်းထွန်းဦးကမြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲ၊တောင်ကြီး(ရှမ်းပြည်နယ်)မှအဆိုပြုထားသောဂုဏ်ထူးဆောင်နာယကများအားအသိအမှတ်ပြုလွှာများပေးအပ်ပြီးပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ခန်းမအတွင်းခင်းကျင်းပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့