Select Page

ရပ်စောက် သြဂုတ်-၂၄
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ သြဂုတ်(၂၄)ရက် မွန်းလွဲပိုင်းကတောင်ကြီးခရိုင်၊ရပ်စောက်မြို့နယ်ရှိပွင့်ကောင်းနှင့်ခင်နွဲ့ရီကုမ္ပဏီလီမိတက်မှစိုက်ပျိုးထားသည့် ကော်ဖီခြံနှင့် မက္ကဒေးမီးယားခြံအား သွားရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။
ဦးစွာ ပွင့်ကောင်းနှင့်ခင်နွဲ့ရီကုမ္ပဏီလီမိတက် ရှင်းလင်းဆောင်ခန်းမ၌ တာဝန်ရှိသူတစ်ဦးက စိုက်ပျိုးထားသော ကော်ဖီခြံ၊ မက္ကဒေးမီးယားခြံ၊ ရာဘာခြံတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များသက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသော မက္ကဒေးမီးယားခြံအား လည်းကောင်း၊ ကော်ဖီခြံနှင့် ကော်ဖီစက်ရုံအား လည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သရက်သီးထုတ်ပိုးစက်ရုံသို့ ရောက်ရှိရာရှင်းလင်းဆောင်ခန်းမ၌တာဝန်ရှိသူတစ်ဦးက သရက်သီးထုတ်လုပ်ဖြန့်ဖြူးမှု အဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြရာပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရှိရသည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်နိုင်ငံခြားသို့တင်ပို့မည်သံပုယိုသီးများအားအဆင့်ဆင့်ထုတ်ပိုးခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကိုကြည့်ရှုပြီးလိုအပ်သည်များပေါင်းစပ်ဖြည့် ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့