Select Page

တောင်ကြီး သြဂုတ်-၁၈
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးသည်ပြည်နယ်ဝန်ကြီးများ၊တာဝန်ရှိသူများနှင့်အတူ သြဂုတ်(၁၈)ရက်ညနေပိုင်းကတောင်ကြီးမြို့နယ်အေးသာယာရှိဒေသထုတ်ကုန်တစ်ခုဖြစ်သောစပျစ် စိုက်ပျိုးနေမှုနှင့်စပျစ်ဝိုင်ထုတ်လုပ်နေမှုအခြေအနေတို့ကိုသွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးကြ ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်တောင်ကြီးမြို့နယ်အေးသာယာရှိစပျစ်ခြံသို့ရောက်ရှိရာခြံတာဝန်ရှိသူတစ်ဦးကစပျစ်ပျိုးပင်များကိုင်းဆက်နေမှုကိုလက်တွေ့သရုပ်ပြသနေမှုအားလည်းကောင်း၊စိုက်ပျိုးထားသည့်စပျစ်ခြံအားလည်းကောင်း၊စပျစ်ဝိုင်ထုတ်လုပ်သည့်စက်ရုံနှင့်စပျစ်ဝိုင်သို လှောင်ထားသည့်စက်ရုံတို့ကိုလည်းကောင်းလှည့်လည်ကြည့်ရှုရာတာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်စပျစ်ဝိုင်များပုလင်းအတွင်းထည့်သည် စက်ရုံနှင့် ထွက်ရှိလာသည့် စပျစ်ဝိုင်ကုန်ချောများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါတောင်ကြီးမြို့နယ်အေးသာယာစပျစ်ခြံမှထွက်ရှိလာသောစပျစ်ဝိုင်များကိုမြန်မာနိုင်ငံအနှံ့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့