
မိုင်းရယ် သြဂုတ်-၅
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်းစိုးသည်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ပြည်နယ်ဝန်ကြီးများ၊တာဝန်ရှိသူများနှင့်အတူသြဂုတ်(၅)ရက်နံနက်ပိုင်းကလားရှိုးမြို့၊ ရန်တိုင်းအောင်မြို့ဦးစေတီသို့ သွားရောက်ဖူးမြော်ကာ ပန်း၊ ရေချမ်း၊ ဆီမီးဆက်ကပ်လှုဒါန်းကြပြီး အလှူငွေများပေးအပ် လှူဒါန်းရာ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်အတွင်း လှည့်လည်ဖူးမြော်ကြည်ညိုကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်သူများနှင့်အတူ ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊မိုင်းရယ်မြို့နယ်အတွင်းရှမ်းပြည်နယ်အစိုးရအဖွဲ့၏ငွေလုံးငွေရင်းရန်ပုံငွေမှမိုးစပါးမျိုးစေ့ထုတ်နှင့်ပန်းတိုင်စံပြကွက်များအတွက်မြေသြဇာနှင့်ဆေးဖြန်းဝတ်စုံများထောက်ပံ့ပေးအပ်ပွဲနှင့်မြေသြဇာကြဲပက်ကွင်းသရုပ်ပြ အခမ်းအနားသို့တက်ရောက်ကြသည်။
ဦးစွာ မိုင်းရယ်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးစိုးနိုင်က မိုးစပါးပန်းတိုင် စံပြကွက်မြေဩဇာကြဲပက်ပွဲ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် ပြည်နယ်ဝန်ကြီးများက တောင်သူများအား ဓါတ်မြေသြဇာနှင့်ဆေးဖြန့်ဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောကပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်၂၀၂၆၂၀၂၇ခုနှစ်မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး(၁၀)ဧကစံပြကွက်မြေသဩဇာကြဲပက်ကွင်းသရုပ်ပြနေမှုကိုလည်းကောင်း၊ ခင်းကျင်းပြသထားသော မျိုးစပါး၊ လယ်ယာသုံးပစ္စည်းများကိုလည်းကောင်း ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
ထို့မှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသညရှမ်းပြည်နယ်(မြောက်ပိုင်း)လမ်းဦးစီးဌာန လမ်းအထူးအဖွဲ့(၆)မှဆောင်ရွက်လျက်ရှိသည့်လားရှိုး(မယ်ဟန်)မိုင်းရယ်ကျေးသီးလမ်း၇၁မိုင်ဆောင်ရွက်နေမှုကိုလည်ကောင်း၊ရက်၁၀၀အတွင်းစီမံချက်ဖြင့်ကျောက်စီမြေထိန်းနံရံ၊ကျောက်စီရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအားသွားရောက်ကြည့်ရှုစစ်ဆေးရာပြည်နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းများနှင့်စပ်လျဥ်း၍ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်မိုင်းရယ်မြို့အခြေခံပညာအထက်တန်းကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့်အထက်ကျောင်းသား၊ကျောင်းသူများအားနိုင်ငံသားစိစစ်ရေးကဒ်နှင်UIDဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုကြပြီး ဆောင်ရွက်ပြီးစီးသော နိုင်ငံသားစိစစ်ရေးကဒ်နှင့် UIDများကို ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးနှင့်တာဝန်ရှိများကကျောင်းသား၊ကျောင်းသူများအားပေးအပ်ခဲ့ကြသည်။
ယင်းနောက် မိုင်းရယ်မြို့ ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးကုသမှုခံယူနေကြသော ဒေသခံပြည်သူများကို အားပေးစကားပြောကြားကာ အာဟာရပြည့်စားစရာများ ပေးအပ်ခဲ့ကြပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။
ထိုမှတစ်ဆင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တန့်ယန်းမြို့ရှိ Mother Love ဒေသထွက် လက်ဖက်ခြံသို့သွားရောက်ကာ လက်ဖက်ခြံနှင့်လက်ဖက်ခြောက်လှော်စက်ရုံတို့ကို လှည့်လည်ကြည့်ရှုရာ ခြံတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တန့်ယန်းမြို့၊ မြို့နယ်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ရပ်မိရပ်ဖများတိုင်းရင်းသားစာပေယဥ်ကျေးမှုအဖွဲ့များ၊ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်ကြပြီးပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် တန့်ယန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးကတန့်ယန်းခရိုင်၏ အုပ်ချုပ်ရေး၊စီပွါးရေးနှင့်လူမှုရေးဆိုင်ရာကဏ္ဍများအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့်လွှတ်တော်ကိုယ်စားလှယ်များကဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်ချက်များတင်ပြကြရာပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များပေါင်းစပ်ဖြည်းဆည်းဆောင်ရွက်ပေး၍နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်တန့်ယန်းမြို့မဟာမြတ်မုနိဘုရားကြီးကျောင်းသို့ သွားရောက်၍ တန့်ယန်းမြို့ပေါ်ကျောင်းတိုက်များရှိ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တသုခမိန္ဒ (အဂ္ဂမဟာကမ္မဋ္ဌနာစရိယ၊ မဟာသဒ္ဓမ္မဇောတိကဓဇ) မထေရ်မြတ်ကြီးထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်ရှိ ရှေးဟောင်းသမိုင်းဝင်ပြတိုက်များအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့