Select Page

လားရှိုး သြဂုတ်-၅
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးသည်ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတာဝန်ရှိသူများနှင့်အတူသြဂုတ်(၄)ရက်နံနက်ပိုင်းကရှမ်းပြည်နယ်(မြောင်ပိုင်း)လားရှိုးတက္ကသိုလ် အကြီးစားပြုပြင်နေမှုအားသွားရောက်ကြည့်ရှုစစ်ဆေးရာလားရှိုးတက္ကသိုလ်ပါမောက္ခချုပ်နှင့်ကုမ္ပဏီတာဝန်ရှိသူများကရှင်းလင်းတင်ပြီးပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်လားရှိုးတက္ကသိုလ်ကျောင်းရှိ မိုးလုံလေလုံအားကစားရုံနှင့်ကမ္ဘောဇအမျိုးသားအဆောင်တို့ကိုလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လားရှိုးမြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကိုကြည့်ရှု၍အားပေးစကားပြောကြားပြီးလားရှိုးမြို့ဟုန်ဖေမုန့်တိုက်တွင်မုန့်လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည်ရှုခဲ့ကြသည်။
၎င်းနောက်ပြည်နယ်ဝန်ုကြီးချုပ်နှင့်တာဝန်ရှိသူများသည်လားရှိုးမြို့၊မြို့တော်ခန်းမပြန်လည်ပြု ပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများသွားရောက်ကြည့်ရှုစစ်ဆေးရာစည်ပင်သာယာရေးဌာနမှတာဝန်ရှိသူတစ်ဦးကရှင်းလင်းတင်ပြရာပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များဖြည့်စွက်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ကုတင်(၅၀၀)ဆံ့လားရှိုးပြည်သူ့ဆေးရုံသို့သွားရောက်လှည့်လည်ကြည့်ရှုစစ်ဆေးပြီးဆေးကုသမှုခံယူနေသောပြည်သူများအားအဟာရဖြည့်အစားအစာများပေးအပ်ခဲ့သည်။ထို့နောက်အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဥဦးစီးမှူးရုံးမှလမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများအားနိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့်UIDပြုလုပ်ပေးနေမှုကိုကြည့်ရှုအားပေး၍ ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက ဆောင်ရွက်ပြီးစီးသော နိုင်ငံသားစိစစ်ရေးကဒ်ပြးနှင့် UIDတို့ကို ကျောင်းသား၊ကျောင်းသူများအား ပေးအပ်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်လားရှိုးမြို့၊ကောင်းခါးကျေးရွာတွင် အကွက်ကျယ်စံပြကွက်ဧက(၃၀)တွင်မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးဓာတ်မြေသဩဇာကျဲပက်နေမှုကို သွားရောက် ကြည့်ရှုအားပေးပြီး၍ တောင်သူများအားရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်လားရှိုးကြီးမီးပွိုင့်အနီးရှိလားရှိုးမြို့အားဖြတ်သန်းစီးဆင်းနေသည့်ပင်မရေဆိုးမြောင်းမကြီးရေစီးရေလာကောင်းမွန်ရေးအတွက်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။ ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လားရှိုးလေယာဥ်ကွင်းသို့သွားရောက်၍ လေဆိပ်အဆောက်အဦများပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့်လေယာဥ်ပြေးလမ်းအားလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လားရှိုးမြို့ရှိ ကျော်ဝင်း သွပ်ပြား၊ သွပ်လိပ်စက်ရုံသို့ သွားရောက်ကြည့်ရှုရာ စက်ရုံတာဝန်ခံတစ်ဦးက စက်ရုံနှင့်စပ်လျဥ်း၍ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်သွပ်ပြားထုတ်လုပ်နေမှုအဆင့်ဆင့်ကိုလှည့်လည်ကြည့်ရှုခဲ့ကြသည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်လားရှိုးမြို့သီရိမင်္ဂလာမန်ဆူရှမ်းဘုန်းကြီးကျောင်းသို့သွားရောက်၍ကျောင်းတိုက်ရှိဆရာတော်ဘဒ္ဒန္တဒေါက်တာပုညနန္နအဂ္ဂမဟာဂန္ဓဝါစကပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊အဂ္ဂမဟာကမ္မဋ္ဌာနစရိယအားဖူးမျှော်ကြည်ညို၍အလှူငွေများလှူဒါန်းပေးကြပြီးပြည်နယ်ဝန်ကြီးချုပ်၊တာဝန်ရှိသူများက သစ်ပင်များစိုက်ပျိုးပေးခဲ့ကြသည်။
ဆက်လက်၍ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများသည်လားရှိုးမြို့၊ရှမ်းစာပေနှင့်ယဥ်ကျေးမှုခန်းမ၌လွှတ်တော်ကိုယ်စားလှယ်များ၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများရပ်မိရပ်ဖများ၊ဒေသခံပြည်သူများ၊တိုင်းရင်းသားစာပေယဥ်ကျေးမှုအဖွဲ့များနှင့်တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်ကြပြီးပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကအဖွင့်အမှာစကားပြောကြား သည်။
ထိုနောက်ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ၊ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးမြင့်သန်းဝင်းကရှမ်းပြည်နယ်(မြောက်ပိုင်း)၏အုပ်ချုပ်ရေးစီးပွားရေး၊လူမှုရေးနှင့်ဒေသဖွံ့ဖြိုးရေးကဏ္ဍများအား လည်းကောင်း၊ လားရှိုးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းဦးက လားရှိုးခရိုင်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့်ဒေသဖွံ့ဖြိုးရေးကဏ္ဍများအား ရှင်းလင်းတင်ပြကြသည်။
၎င်းနောက် တက်ရောက်လာသူများမှ ဒေသလိုအပ်ချက်များတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရသည်။
ထို့မှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်လားရှိုးမြို့ ဗောဓာရုံဘုန်းကြီးကျောင်း သက်တော်ရှည်ဆရာတော်ကြီးအားသွားရောက်ဖူးမြော်ကြည်ညို၍လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီးအရှေ့ခါးရိုးဘုန်းကြီးကျောင်းသို့သွားရောက်၍ဆရာတော်အားဖူးမြော်ကြည်ညိုကာလှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့