
သီပေါ သြဂုတ်-၄
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ သြဂုတ်(၃)ရက်မွန်းလွဲပိုင်းက သီပေါမြို့၊ပေါကြိုဘုရားသို့သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီး ရွှေသင်္ကန်တို့ကို ဆက်ကပ်လှူဒါန်း၍ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ ဘုရားအတွက်အလှူငွေများ ပေးအပ်လှူဒါန်းပေးကြရာ ဘုရားဂေါပကအဖွဲ့မှတာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ကြောင်းသိရသည်။
ထို့မှတစ်ဆင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့၊ လျှပ်စစ်အင်ဂျင်နီယာရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေမှု အခြေအနေနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ဖြည်းဆည်းဆောင်ရွက်ပေးခဲ့ပြီး ဓာတ်အားခွဲရုံအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့မှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်သီပေါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုလည်းကောင်း၊သီပေါမြို့မရဲစခန်းတည်ဆောက်နေမှုကိုလည်းကောင်းလှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည်းဆည်း ဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် သီပေါမြို့နယ်စည်ပင်သာယာရေးဌာနမှ မြို့ရေပေးဝေရေးအခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကသွားရောက်ကြည့်ရှုစစ်ဆေးရာပြည်နယ်စည်ပင်သာယာရေးဌာနမှညွှန်ကြားရေးမှူးနှင့်မြို့နယ်စည်ပင်သာယရေးဌာနမှတာဝန်ရှိသူတို့ကရှင်းလင်းတင်ရာပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ သီပေါတောင်မြို့ရပ်ကွက် အမှတ်(၁)ရေပေးရေး ရေစက်ရုံအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သီပေါမြို့၊ ပြည်သူ့ဆေးရုံ ခွဲစိတ်ဆောင်နှင့်သူနာပြုဆောင်RC(၁)ထပ်ပြန်လည်ပြုပြင်ဆောင်ရွက်ထားရှိမှုအားလှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။ထို့နောက်သီပေါပြည်သူ့ဆေးရုံ၌ဆေးကုသမှုခံယူနေကြသောပြည်သူများကိုအား ပေးစကားပြောကြား၍ အဟာရဖြည့်စားစရာများ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ထို့မှတစ်ဆင့်လားရှိုးမြို့၊ အမှတ်(၁) သီရိမဟာရပ်ကွက်ရှိ အ.မ.က(နမ့်ခိုက်)ကျောင်းဝင်းတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစ်ုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများတို့နှင့်အတူ ငှက်ပျောတစ်ရှူးပင်များ စိုက်ပျိုးပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့