Select Page

ကျောက်မဲ သြဂုတ်-၃
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ သြဂုတ်(၃)ရက်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)ကျောက်မဲခရိုင် မန္တလေး-လားရှိုးလမ်းပေါ်ရှိ ဂုတ်တွင်းတံတား တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တံတားအထူးအဖွဲ့(၄) မန္တလေးအခြေစိုက်မှ တာဝန်ရှိသူတစ်ဦးက တံတားတည်ဆောက်နေမှု အခြေအနေနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က တံတားအား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သတ်မှတ် စံချိန်စံညွှန်းအရည်အသွေးပြည့်ဝအောင် ဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် ဖြည့်စွက်မှာကြား၍ တံတားတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ်ရေစီးရေလာကောင်းမွန်စေရေးအတွက်စည်ပင်သာယာရေးဌာနမှဆောင်ရွက်နေမှုကိုသွားရောက်ကြည့်ရှုစစ်ဆေးရာပြည်နယ်စည်ပင်သာယာရေးဌာနမှညွှန်ကြားရေးမှူးနှင့် ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ချောင်းရေစီးရေလာ ကောင်းမွန်စေရေးနှင့် ရေကြီးရေလျှံမှု မဖြစ်ပွါးစေရန်အတွက်သဲနှုန်းများဆည်ယူခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင်စနစ်တကျဆောင်ရွက်ပေးရန် လိုအပ်ကြောင်းမှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ကျောက်မဲမြို့ကမ္ဗောဇရှမ်းဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ကျောက်မဲမြို့ရှိ သံဃနာယကဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ သံဃတော်အရှင်သူမြတ်များထံလှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများနှင့်ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဘိလပ်မြေအိတ်(၂၀၀)တို့ကို ဆက်ကပ်လှူဒါန်းပေးကြပြီး ပြည်လုံးချမ်းသာ ကျောင်းတိုက်ဦးစီးပဓာနနာယ၊ကျောက်မဲမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ဆရာတော်ဘဒ္ဒန္တပညာဝံသထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနားယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ကျောက်မဲခရိုင်မွေးမြူရးဇုန်အားသွားရောက်၍မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံရာကျောက်မဲခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကမွေးမြူရေးဇုန်တွင်လက်ရှိမွေးမြူရေး ဥစားကြက်များ အခြေအနေနှင့်စပ်လျဥ်း၍ရှင်း လင်တင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောက်မဲခရိုင်မွေးမြူရေးဇုန်မှ ထွက်ရှိသည့် ကြက်ဥများကို ဒေသနေပြည်သူများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးရန်လိုအပ်ပါကြောင်း၊ ဒေသအတွင်း ဖူလုံမှုရှိမှသာ အခြားဒေသများသို့ ဖြန့်ဖြူးရောင်းချပေးနိုင်ရန်နှင့် လုပ်ငန်းရှင်များကလည်း အခက်အခဲရှိပါက တင်ပြပေးကြရန်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေနှင်းဆီ ဥစားကြက်ခြံအားသွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ မြို့ကျက်သရေဆောင်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားတက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အဖွင့်အမှာစကားပြောကြားသည်။
၎င်းနောက် ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ဒေသခံပြည်သူတစ်ဦးက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောက်မဲပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူနေကြသော ဒေသခံပြည်သူများကို အားပေးစကားပြောကြားကာ အဟာရဖြည့် စားစရာများပေးအပ်သည်။ ထို့နောက် အရိုးနှင့်အာရုံကြောခွဲစိတ်ဆောင် တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်ဝအောင် ဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးကြရန် ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်နားမခေါ်ကျေးရွာအုပ်စု၊ဗူးခါးကျေးရွာတွင် ၂၀၂၆-၂၀၂၇ မိုးရာသီ စံပြစိုက်ပျိုးမည့် တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးနှင့် ပြည်နယ်ဝန်ကြီးများက တောင်သူများအား သွင်းအားစု ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြပြီး တောင်သူ ဦးစံရင် စိုက်ပျိုထားသည့် NAS- 828 ပြောင်းခြံ (၃)ဧက အားကြည့်ရှု၍ စိုက်ပျိုးတောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့