နောင်တရား ဇူလိုင်-၂၄
ရှမ်းပြည်နယ်ဝန်ကြီးချုပဦးစိုင်းထိန်စိုးသည်ပြည်နယ်ဝန်ကြီးများ၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊တာဝန်ရှိသူများနှင့်အတူဇူလိုင်(၂၄)ရက်နံနက်ပိုင်းကပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပင်လောင်းမြို့နယ်၊ လွယ်မောကျေးရွာအုပ်စု၊ စိန်ပန်းကျေးရွာရှိတောင်သူဦးစိုင်းဆီလတ်မုန့် စိုက်ပျိုးထားသော ကော်ဖီစိုက်ပျိုးခြံ (စံပြကွက်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာတာဝန်ခံဦးစိုင်းဆီလတ်မုန့်ကကော်ဖီစိုက်ပျိုးခြံ(စံပြကွက်)နှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြရာပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များကိုသက်ဆိုင်တာဝန်ရှိသူများနှင့်ပေါင်းစပ်ဖြည့်ဆည်းဆောင် ရွက်ပေးပြီး ကော်ဖီစိုက်ပျိုးခြံ(စံပြကွက်) အား လှည့်လည်ကြည့်ရှုကြသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ချုပ်နှင့်တာဝန်ရှိသူများသည် နောင်တရားမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ စန္တာခမ်းခြွီအွီတန်(၂၀၀၀)ဆံ့ အာလူးအအေးခန်းသိုလှောင်ရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး အာလူးအအေးခန်းအားပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးနှင့်တာဝန်ရှိသူများကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စက်ရုံဆိုင်းဘုတ်အား အမွှေးနံ့သာများ ပက်ဖျန်းပေးကြသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကအဖွင့်အမှာစကားပြောကြားရာယနေ့ဖွင့်လှစ် သည့်အာလူးအအေးခန်းသိုလှောင်ရုံတန်(၂၀၀၀)ဆန့်ထပ်မှန်ဖွင့်လှစ်ခဲ့သည့်အတွကနောင်တရားဒေသမှ ထွက်ရှိသည့်မျိုးအာလူးများတန်(၇၀၀၀)ခန့်ကိုသိုလှောင်နိုင်ပြီဖြစ်ပါကြောင်း၊ဟဲဟိုး၊အောင်ပန်းမြို့တွင် လည်းဒေသမှထွက်ရှိသည့်အာလူးများကိုအအေးခန်းသိုလှောင်ရုံများတွင်လည်းသိုလှောင်နိုင်ပြီးဖြစ်ပါကြောင်း၊ရှမ်းပြည်နယ်တွင်အာလူးထွက်ရှိမှုများပြားသောကြောင့်အအေးခန်းသိုလှောင်ရုံများတိုးချဲ့ ဆောင်ရွက်ရန်လိုအပ်လျက်ရှိနေပါကြောင်း၊အာလူးအအေးခန်းသိုလှောင်ရုံများတွင်အာလူးများသို လှောင်ထားရှိနိုင်သဖြင့်မျိုးအာလူးများအတွက်များစွာအထောက်ကူမည်ဖြစ်ပါကြောင်း၊အအေးခန်းများဆောင်ရွက်နိုင်ခြင်းသည်စိုက်ပျိုးတောင်သူများနှင့်ပြည်သူများအတွက်များစွာအကျိုးရှိပါကြောင်းပြောကြားသည်။
၎င်းနောက်စက်ရုံတာဝန်ခံဦးခွန်ကျော်သောင်းကစက်ရုံဖြစ်တည်လာပုံကိုရှင်းလင်းတင်ပြပြီးကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အာလူးအအေးခန်းသိုလှောင်ရုံအား လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်နောင်တရားမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အာလူးအအေးခန်းသိုလှောင်ရုံ၊ စက်ရုံအတွင်းရှိ အာလူးမျိုးပွားတစ်သျှူးကာချာ ဆောင်ရွက်ထားရှိမှု၊ သဘာဝမြေသြဇာစက်ရုံ၏ လုပ်ငန်းလည်ပတ်နေမှုတို့ကို သွားရောက်ကြည့်ရှူရာ စက်ရုံတာဝန်ခံ ဦးခွန်ဆန်းဦးကစက်ရုံနှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နောင်တရားမြို့၊ စန္ဒာခမ်း ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းရှိဓမ္မာရုံတွင် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပြီးပြည်နယ်ဝန်ကြီးချုပ်ကအဖွင့် အမှာစကားပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်လာသည့် နောင်တရားမြို့ဒေသခံပြည်သူများမှ ဒေသလိုအပ်ချက်များတင်ပြကြရာပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များကိုဖြည့်စွက်ရှင်းလင်းပြောကြား၍သက်ဆိုင်းရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသော နောင်တရားဒေသထွက်ကုန်ပစ္စည်းများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး