ညောင်ရွှေ ဇူလိုင်-၂၂
နိုင်ငံ့စီးပွါးမြှင့်တင်ရေးအတွက်အသေးစား၊အလတ်စား၊အငယ်စားဒေသထွက်ကုန်များကိုထုတ် လုပ်ဆောင်ရွက်လျက်ရှိရာဇူလိုင်(၂၂)ရက်နံနက်ပိုင်းကရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦး စိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိများနှင့်အတူကလောခရိုင်၊ညောင်ရွှေမြို့၊ရှမ်းရိုးမမွေးမြူရေးဇုန်ရှိရှင်းလင်းဆောင် ခန်းမ၌မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကရှမ်းရိုးမမွေးမြူရေးဇုန်သည်အောင်မြင်နေသော မွေးမြူရေူဇုန်တစ်ခုဖြစ်ပါကြောင်း၊ ဇုန်အတွင်းရှိ လုပ်ငန်းရှင်များကလည်း တိရိစ္ဆာန်အစာအတွက် စိုက်ပျိုးရေးလုပ်ငန်းများမှထွက်ရှိလာသောဒေထွက်ကုန်ကြမ်းများကိုတိရိစ္ဆာန်အစာအဖြစ်အသုံးပြုသွားကြရန်လိုအပ်ပါကြောင်း၊ ခြံထွက်ကြက်ဥများကိုလည်း ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးရန်လိုအပ်ပါကြောင်း၊လုပ်ငန်းရှင်များအနေဖြင့်မွေးမြူရေးလုပ်ငန်းများကိုပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးစားပေးကြရန် ပြောကြားသည်။
ထို့နောက်ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှပြည်နယ်ဦးစီးမှူးကရှမ်းရိုးမမွေးမြူရေးဇုန်(၁)၏လုပ်ငန်းဆောင်ရွက်မှုများအားရှင်းလင်းတင်ပြပြီးမွေးမြူရေးလုပ်ငန်းရှင်များကလုပ်ငန်းများနှင့်စပ်လျဥ်း၍ရှင်းလင်းဆွေးနွေးတင်ပြကြရာပြည်နယ်ဝန်ကြီးချုပ်ကလုပ်ငန်းရှင်များ၏ဆွေးနွေးတင်ပြမှုအပေါ် လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီးနိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ဦးစိုင်းလုံမွေးမြူထားသောအလုံပိတ်အအေးပေးစနစ် ဥစားကြက်မွေးမြူရေးရုံအား သွားရောက်လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထိုမှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်တောင်ကြီးမြို့အတက်လမ်း၊ရှုခင်းသာပန်းခြံအနီးတွင် Welcome To Taunggyi City မီးလင်းဆိုင်းဘုတ် ပြုလုပ်ဆောင်ရွက်ထားရှိမှုအား သွားရောက်ကြည့်ရှုရာ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိဦးသိန်းဝင်း က ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆိုင်းဘုတ်အားကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်စွက်မှာကြား ခဲ့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး