မိုင်းဆတ် ဇူလိုင် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဆတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(အလက-၁)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက်၉ နာရီက အဆိုပါ ကျောင်းခန်းမဆောင်တွင် ကျင်းပသည်။
ဦးစွာ ကျောင်းသားကျောင်း‌ သူများက “တို့ကျောင်းတော်” သီချင်းသီဆို၍ အခမ်းအနားဖွင့် လှစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးအားလွန်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာလွင်တို့က အမှာစကားပြောကြားကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးရီက ကျေးဇူး တင်စကားနှင့် ပညာသင်ကြားနေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ Grade-12 နှင့် Grade-5 တွင် ကျောင်းသားကျောင်း သူများအား ထူးချွန်စွာအောင်မြင်အောင် သင်ကြားပေးခဲ့သော ဆရာဆရာမများ၊ Grade 12 နှင့် အတန်းအလိုက် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ရာ ကျောင်းသားကျောင်းသူများက အကပဒေသာများဖြင့် ကပြ ဖျော်ဖြေခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး