ပင်းတယ ဇူလိုင် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ပုန်းတလုတ်ရေကန် အနောက်ဘက်တွင် ပင်းတယမြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီပုန်းတလုတ်ရေကန်ဘောင်ပတ်လည် ပန်းအလှပင်စိုက်ပျိုးပွဲ အခမ်းအနားကို ကျင်းပသည်။
ဦးစွာဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းက အဖွင့်အမှာ စကားပြောကြားရာ ယခုလိုအချိန်မုတ်သုံမိုးနှင့်အတူ ” မြေဆီစိုခိုက် သစ်ပင်စိုက်ကြစို့ ” ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ တစ်နိုင်ငံလိုးအတိုင်းအတာနဲ့ သစ်ပင်စိုက်ပျိုးပွဲတော်များကို ကျင်းပကာ အပင်များစိုက်ပျိုးခြင်းတို့ကြောင့်သဘာဝအတိုင်း မြေအစိုဓာတ်ကောင်းမွန်စွာရရှိသဖြင့် စိုက်ပင်များ ရှင်သန်ကြီးထွားမှုကောင်းမွန်ပြီး နိုင်ငံအတွင်းအစိမ်းရောင်ဖုံးလွှမ်းမှုတိုးတက်လာစေကာ သဘာဝ ပတ်ဝန်းကျင်ကိုစိမ်းလန်းစိုပြည်သာယာလှပလာစေမှာဖြစ်ပြကြောင်း၊ ပင်းတယမြို့ စည်ပင်သာယာ ရေးဌာနအနေနဲ့ သမိုင်းဝင်ပုန်းတလုတ်ရေကန်တော်ကြီးရဲ့ကန်ဘောင်ဘေး၊ ကန်ပတ်လမ်းဘေးတို့ မှာမြို့အလှကိုပိုမိုတင့်တယ်နိုင်စေဖို့အတွက် တပေဘူတပန်းပင်တွေကို အဓိကထားစိုက်ပျိုးသွားမှာ ဖြစ်ပြီး မြို့ဝင်မြို့ထွက်လမ်းမဘေးတွင် မျက်စိပသာဒဖြစ်ရန် စိန်းပန်းနီ၊ စိမ်ပန်းပြာ၊ ချယ်ရီပန်း ပင်များကို စိုက်ပျိုးသွားမှာဖြစ်ကြောင်း သိရှိရတဲ့အတွက်အလွန်ပင် ဝမ်းသာဂုဏ်ပြုပါကြောင်းနှင့် အပင်များအောင်မြင်ဖြစ်ထွန်းစေရေးတို့အတွက် အားလုံးပူးပေါင်းပါဝင်ကြစေလိုကြောင်း စသည်ဖြင့်‎ပြောကြားသည်။
ထိုနောက်ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများက စိုက်ပင်များကိုပေးအပ်ရာတာဝန်ရှိသူများကလက်ခံရယူခဲ့ကြသည်။ယင်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဒေသအဆင့်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းဆရာ၊ ဆရာမကြီးများနှင့် ကျောင်းသား၊ကျောင်းသူများ၊ တက်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများ၊ မိဘပြည်သူများကစုပေါင်း၍ သတ်မှတ်နေရာအသီးသီး တို့တွင် တပေဗူတ စုစုပေါင်း (၃၅၀) ပင်ကိုစိုက်ပျိုးခဲ့ကြကာ ပျိုးပင်စိုက်ပျိုးနေမှုအခြေအနေများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများမှ လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး