ဆီဆိုင် ဇူလိုင်-၂၁
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြိုနယ်တွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ အမျိုးသမီးများ အတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်းအတွက် စက်ချုပ်နည်းပညာ မွမ်းမံသင်တန်း ဆင်းပွဲနှင့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းမွမ်းမံသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူး ဦးဝင်းကျောင်မျိုးက သင်တန်းဆင်း အမှာစကားပြောကြားသည်။ ထို့နောက် ဒေသဦးစီးမှူးနှင့် တာဝန်ရှိသူတို့က စက်ချုပ်နည်းပညာ မွမ်းမံသင်တန်းထူးချွန်သူ(၅)ဦးမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းမွမ်းမံသင်တန်းထူးချွန်သူ (၅)ဦးတို့ကို လုပ်ငန်းသုံးပစ္စည်းများအားလည်းကောင်း၊ သင်တန်းသူများအား ကုန်ချောပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး အဆိုပါ စက်ချုပ်နည်းပညာ မွမ်းမံသင်တန်းကို သင်တန်းသူ (၁၀)ဦး၊ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းမွမ်းမံသင်တန်းကို သင်တန်းသား(၁၃)ဦးတို့ တက်ရောက်ခဲ့ကြရာ စက်ချုပ်နည်းပညာ မွမ်းမံသင်တန်းကို ဇူလိုင်လ (၇)ရက်နေ့မှ ဇူလိုင်လ (၂၁)ရက်နေ့လအထိနှင့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းမွမ်းမံသင်တန်းကို ဇူလိုင်လ (၆)ရက်နေ့မှ ဇူလိုင်လ (၂၀)ရက်နေ့လအထိ (၁၅)ရက်ကြာ သင်ကြားပေးခဲ့ကြောင်း သိရ သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး