‎ပင်းတယ ဇူလိုင် ၂၁
‎‎ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲ နှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀နာရီအချိန်က ကျုံးကျေးရွာအုပ်စု၊ ဂေါ်ရာကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင်ပြုလုပ်သည်။
‎ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က ကျောင်းသား/ကျောင်း
‎သူများအား ” မူးယစ်ဆေးဝါး “အန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးပြောကြားပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင်းခတ္တာမောင်က ” ပတ်ဝန်းကျင်ထိန်းသိမ်းရေး “နှင့်ပတ်သက်၍ အသိပညာရှင်းလင်းပြောကြားသည်။ထိုနောက် မြို့နယ်တိုင်းရင်းဆေးကုဌာန ဒုတိုင်းရင်းဆေးမှူးဒေါ်ဖြိုးဖြိုးဝေက ကျန်းမာရေးအသိပညာ‌ပေးကို ဟောပြောပြီး၊ ဆေးကုသခြင်းများ ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
‎‎ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ) ဝန်ထမ်းများမှ ကလေးအလုပ်သမားပပျောက်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးနံရံကပ်၊စာအုပ်၊ စာစောင်များကိုပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လလာ ဖတ်ရှုခဲ့ကြကြောင်းသိရပြီး၊မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက ကျောင်းသား/ကျောင်းသူများအား ” ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့်ဆောင်ရွက်ပေး ” လက်ကမ်းစာများကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
‎ ထိုနောက် မွန်းလွဲပိုင်းတွင် ကျုံးကျေးရွာအုပ်စု(ကျုံး) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်းသို့သွားရောက်ကာပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့မှ ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်း၊ စာအုပ်စာစောင်များ ဖတ်ရှုစေခြင်း၊ နံရံကပ်စာစောင်များပြသပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး