တောင်ကြီး ဇူလိုင်-၁၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဥ်ဖြင့်ဆောင်ရွက်သည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲကိုဇူလိုင်(၁၇)ရက်နံနက်ပိုင်းကတောင်ကြီးမြို့၊မြို့တော်ခန်းမ၌ကျင်းပရာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး၊ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ပြည်နယ် ဝန်ကြီးများနှင့်တာဝန်ရှိသူများတက် ရောက်ကြသည်။
အခမ်းအနားတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကကျေးလက်နေပြည်သူများလူမှုစီးပွား ဘဝမြင့်မားလာစေရေးနှင့်ဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေး နိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများကို၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်မှစတင်ပြီး ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်အထိ ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း(၉၆)ရွာကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ယနေ့အခမ်းအနားတွင်တောင်ကြီးခရိုင်နှင့်ကလောခရိုင်အတွင်းရှိစီမံကိန်းလုပ်ငန်း (၁၀)ခုမှလုပ်ငန်းထူထောင်လုပ်ကိုင်မည့်ထူးချွန်သင်တန်းသား(၅၀)ဦးအတွက်လုပ်ငန်းသုံးပစ္စည်းအမယ်(၂၀)မျိုး အရေအတွက်အားဖြင့် (၂၅၁)ခုအားပေးအပ်သွားမှာဖြစ်ကြောင်း၊ ယခု စီမံကိန်းကို ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူများလူမှုစီးပွါးဘဝဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးခြင်းဖြစ်၍လုပ်ငန်းထူထောင်မည့်သူများအနေဖြင့် လုပ်ငန်းများအောင်မြင်အောင် စံနမူနာပြဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကိုရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး၊ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့် တာဝန်ရှိသူများကပေးအပ်ရာ တောင်ကြီးမြိုနယ်နှင့်ညောင်ရွှေမြို့နယ်မှ လုပ်ငန်းလုပ်ကိုင်မည့်သူများကအသီးသီးလက်ခံရယူကြသည်။ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ခန်းမအတွင်းခင်းကျင်းပြသထားသောဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများအားကြည့်ရှုပြီး လုပ်ငန်းလုပ်ကိုင်မည့်သူများအားရင်းရင်းနှီးနှီးနုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး