
ဟဲဟိုး ဇူလိုင်-၁၂
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးသည်ပြည်နယ်ဝန်ကြီးများ၊တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက ကလောခရိုင်၊ ဟဲဟိုးမြို့တွင် H & J Success COMPANY LIMITED မျိုးအာလူးအအေးခန်း သိုလှောင်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာမျိုးအာလူးအအေးခန်းသိုလှောင်ရုံကိုရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး၊ပြည်နယ်ဝန်ကြီးများနှင့်ကုမ္ပဏီတာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး H & J Success COMPANY LIMTED မျိုးအာလူးအအေးခန်း သိုလှောင်ရုံဆိုင်းဘုတ်အား အမွှေးနံသာရည်များ ပတ်ဖျန်းပေးကြသည်။
ထို့နောက်အခမ်းအနားဒုယတိပိုင်းတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်အရည်အသွေးမြင့်မျိုးကောင်းမျိုးသန့်အာလူးများစနစ်တကျသိုလှောင်ဖြန့်ဖြူးနိုင်ရန်ရည်ရွယ်၍ယနေ့ဟဲဟိုးအာလူးအစုအဖွဲ့၏တန်(၂၀၀၀)ဆံ့မျိုးအာလူးအအေးခန်းသိုလှောင်ရုံဖွင့်လှစ်နိုင်သည့်အတွက်ဒေသအတွင်းအာလူးစိုက်တောင်သူများမျိုးအာလူးလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး အာလူးစိုက်ပျိုးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း ပြောကြားသည်။
၎င်းနောက် TKY Progress Company နှင့် H&J Success Company တာဝန်ရှိသူများက ကျေးဇူးတင်စကားပြောကြားပြီးပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်အာလူးစိုက်တောင်သူများအားရင်းရင်းနှီးနှီးနှုတ်ဆက်ကြပြီးမျိုးအာလူးအအေးခန်းသိုလှောင်ရုံနှင့် WORK SHOP တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး