တောင်ကြီး ဇူလိုင်-၉
၂၀၂၆ခုနှစ်(ဒုတိယအကြိမ်)ပြည်နယ်အဆင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကိုဇူလိုင်(၉)ရက်နံနက်(၇)နာရီ ကတောင်ကြီးမြို့၊တောင်ကြီး(ထင်း)ကြိုးဝိုင်းအတွင်း(လွိုင်ခမ်းအိမ်ရာစီမံကိန်း)မျက်နှာချင်းဆိုင်တွင်ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊တာဝန်ရှိသူများတက်ရောက်ကြသည်။
အခမ်းအနားတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကအဖွင့်အမှာစကားပြောကြားပြီးစိုက်ပျိုး ရန်သစ်ပင်များပေးအပ်ရာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကရှမ်းတိုင်းရင်းသားအဖွဲ့နှင့်သူနာပြုသားဖွားကျောင်းကိုသစ်ပင်ပျိုးပင်များကိုပေးအပ်ပြီးပြည်နယ်အဆင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင်ပါဝင်ဆောင်ရွက်ပေးခဲ့သောလွိုင်ခမ်းအိမ်ရာစီမံကိန်းနှင့်စိန်နှင်းဆီကုမ္ပဏီတို့အားဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ဆက်လက်၍အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကခရိုင်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအားလည်းကောင်း၊ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အားလည်းကောင်း၊ပြည်နယ်သယံဇတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကအမျိုးသမီးရေးရာအဖွဲ့အား လည်းကောင်း စိုက်ပျိုးရန်သစ်ပင်များ ပေးအပ်ကြသည်။
၎င်းနောက်ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊အရှေ့ပိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့်တာဝန်ရှိသူများကသတ်မှတ်နေရာများတွင်သစ်ပင်များစိုက်ပျိုးပေးကြပြီးပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်သစ်ပင်စိုက်ပျိုးပွဲတော်တက်ရောက်လာကြသူများမှ သစ်ပင်စိုက်ပျိုးပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ၂၀၂၆ခုနှစ်(ဒုတိယအကြိမ်) ပြည်နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ထင်းရှူး၊ ချယ်ရီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ မာတာကွတ်၊ ခါတော်မီ၊ ပိတောက်၊ ခရေ၊ စကားဝါစသည့် သစ်မျိုး(၉)မျိုး အပင်ပေါင်း(၁၁၀၀)စိုက်ပျိုးပေးကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး