
မိုင်းရယ် ဧပြီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း ရတနာ ခန်းမတွင် ငလျင်ဘေးအန္တရာယ်အကြောင်းသိကောင်းစရာနှင့် ငလျင်ဘေးကြိုတင်ဇာတ်တိုက် လေ့ကျင့်ခြင်း ပြုလုပ်ကို ယနေ့ နံနက်(၁၀)နာရီက ပြုလုပ်သည်။
အဆိုပါ ငလျင်ဘေးအန္တရာယ်အကြောင်းသိကောင်းစရာဟောပြောပွဲတွင် မိုင်းရယ်မြို့ နယ် မီးသတ်ဉီးစီးဌာန၊ မြို့နယ်မီးသတ်ဉီးစီးအရာရှိ ဉီးဇော်ထွန်းဉီးက ငလျင်ဘေးကြုံတွေ့လာ ပါက ပြည်သူများသိထားသင့်သည့် လိုက်နာဆောင်ရွက်ရန်အချက်များ၊ ငလျင်ဘေးကြုံတွေ့ ပြီးပါက လိုက်နာဆောင်ရွက်သင့်သည့် အချက်များကို ဟောပြောပါသည်။
ယင်းနောက် မိုင်းရယ်မြို့နယ် မီးသတ်ဉီးစီးဌာနမှ တပ်ဖွဲ့ဝင်များက ငလျင်ဘေးကြုံတွေ့ ချိန်တွင် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှုများကို တက်ရောက်လာသည့် ပြည်သူများနှင့်အတူ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်သည်။ ယင်း ငလျင်ဘေးအန္တရာယ်အကြောင်းသိကောင်း စရာနှင့် ငလျင်ဘေးကြိုတင်ဇာတ်တိုက် လေ့ကျင့်ခြင်းအခမ်းအနားသို့ မိုင်းရယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများစုစုပေါင်း (၇၀)ဉီး ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့