
တောင်ကြီး မတ်-၁၂
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် တာဝန်ရှိသူများနှင့်အတူ မတ်(၁၁)ရက်မွန်းလွဲ(၂) နာရီက ကလောမြို့နယ်အားကစားကွင်း အုတ်တံတိုင်းကာရံနေမှုနှင့် ကလောမြို့ရှိနန်းသဲချောင်းကူး ကွန်ကရစ်တံတားတည်ဆောက်နေမှုကို သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် အားကစားကွင်း အုတ်တံတိုင်းကာရံနေမှုကို သွားရောက် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ကလောချောင်းအား ချောင်းနယ်နိမိတ်မှတ်တိုင်များ ပြန်လည်စိုက်ထူဆောင်ရွက်ပေးရန်နှင့် သစ်ပင်ကြီးများစိုက်ပျိုးပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မိုးလုံလေလုံအားကစားရုံကို အများပြည်သူနှင့်ကလေးများ လာရောက်လေ့ကျင့်ကစားနိုင်ရန်အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အားကစားကွင်းကို သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ပေးရန်နှင့်မလိုလားအပ်သည့် ပစ္စည်းများကို ဖယ်ရှားရှင်းလင်းပေးရန် လိုအပ်ကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် ကလောချောင်းမြေထိန်းနံရံ ဆောင်ရွက်ပြီးစီးမှုနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အဆောက်အဦအကြီးစား ပြင်ဆင်နေမှုကိုလည်းကောင်း၊ ကလောဘူတာရှိ အများပြည်သူ လာရောက်အမှတ်တရဓါတ်ပုံ ရိုက်ကူးကြသည့် We Love kalaw နေရာကိုလည်းကောင်း၊ ဘူတာသွားလမ်းရှိ ရေနုတ်မြောင်း တူးဖော်ဆောင်ရွက်နေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဘူတာသွားလမ်းရေနုတ်မြောင်းဖုံးများအား ပျောက်ဆုံးပျက်စီးမှုမရှိစေရေးအတွက် စနစ်တကျထိန်းသိမ်းဆောင်ရွက်ပေးရန် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့ပြီး ကလောမြို့နယ် နန်းတိုင်းကျေးရွာသို့သွားလမ်း ၁၅/၄ မိုင်ပေါ်ရှိ နန်းသဲချောင်း ကူးကွန်ကရစ်တံတား တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့