Select Page

 တောင်ကြီး သြဂုတ်-၃၀
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးသည်ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊တာဝန်ရှိသူများနှင့်အတူသြဂုတ်(၃၀)ရက်မွန်းလွဲ(၁)နာရီကတောင်ကြီးမြို့၊စဝ်စံထွန်းဆေးရုံတွင်ဓါတ်ရောင်ခြည်စက်ခန်း RC (၁) ထပ်အဆောက်အဦ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေမှုအား သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ဦးစွာ အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦအထူး အဖွဲ့ (၁၁) လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ဦးဆန်းထွန်းကဓါတ်ရောင်ခြည်စက်ခန်း၉၅ပေ၅၂ပေRC(၁)ထပ်ဆောင်အဆောက်အဦနှင့်စပ်လျဥ်း၍ရှင်းလင်းတင်ပြရာပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဓါတ်ရောင်ခြည်ခန်းမ RC(၁)ထပ်ဆောင် အဆောက်အဦအားလှည့်လည်ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများကရှင်းလင်းတင်ပြကြပြီးပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စဝ်စံထွန်းဆေးရုံ တိုးချဲ့(၅)ထပ်ဆောင် ဆောက်လုပ်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့