ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်
၆-၂-၂၀၂၆ ရက်နေ့ ၀၉၀၀ နာရီတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး သည် လင်းခေးမြို့နယ်၊ ပုန်းထွန်ကျေးရွာ အုပ်စု၊  ပုန်းထွန်ကျေးရွာ၌ ကျင်းပပြုလုပ်သော “(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုလာ စိုက်ပျိုးရေရရှိရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနား” သို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ စုစုပေါင်း ၆၅ ဦးခန့်နှင့်အတူတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဆိုလာစိုက်ပျိုး ရေရရှိရေးလုပ်ငန်းအား ဖဲကြိုဖြတ်ဖွင့်လှစ်ခြင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး က အမှာစကားပြောကြားခြင်း၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စုစုလင်း မှ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး မှ ကျေးရွာကော်မတီထံသို့ လုပ်ငန်းလွှဲပြောင်းပေးအပ်ခြင်း နှင့် ဆိုလာစိုက်ပျိုးရေရရှိရေးလုပ်ငန်း လည်ပတ်မှုအား လှည့်လည်ကြည့်ရှုခြင်းတို့ကို အစီအစဉ် အတိုင်း ဆောင်ရွက်ခဲ့ရာ ၀၉၃၀ နာရီတွင် အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။
အဆိုပါ 7.5 HP Submersible Pump Set နှင့် 5.5W ဆိုလာစိုက်ပျိုးရေရရှိရေးလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ၃၅.၃၄၀ ကျပ်သန်းဖြင့် ဌာနမှတာဝန်ယူ ဆောင်ရွက်ပြီး တောင်သူ ၂၉ဦး၏ စိုက်ပျိုးမြေ ၄၇ ဧက အတွက် အကျိုးဖြစ်ထွန်းမည်ဖြစ်ပါကြောင်း အသိပေးချပြရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။
ထို့နောက် ၆-၂-၂၀၂၆ ရက်နေ့ ၁၀၀၀ နာရီအချိန်တွင် မိုင်းပန်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဟန်ဇော်မြင့်သည် မိုင်းပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများနှင့်အတူ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာကိစ္စ ရပ်များနှင့်ညွှန်ကြားချက်များအား အသိပေးချပြရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။