
ရက်စွဲ၊ ၂၀၂၆ ခုနှစ် ၊ ဖေဖော်ဝါရီလ ၆ ရက်
(၆-၂-၂၀၂၆) ရက်၊ (၀၉၀၀)အချိန်၊ (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ထောက်ပံ့ရန်ပုံငွေဖြင့် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ကြီးကြပ်၍ စိန်နှင်းဆီသတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်မှ တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခဲ့သည့် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ရုံးကြီးလမ်း(ကျားခေါင်းလမ်းဆုံမှ ကလေးဆေးရုံ လမ်းအထိ) ကတ္တရာကွန်ကရစ်(AC) လမ်းသစ်ဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/ သူများ၊ စိန်နှင်းဆီသတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများ၊ ဘင်ခရာနှင့်ပန်းပွားအကအဖွဲ့၊ ဒေသခံပြည်သူများ အပါအဝင် စုစုပေါင်းအင်အား (၅၀၀)ဦးခန့်နှင့်အတူ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်(ပ/၃၅၆၄)မှ လိုက်ပါတက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရုံးကြီးလမ်း (ကျားခေါင်းလမ်းဆုံမှ ကလေးဆေးရုံလမ်းအထိ) ကတ္တရာကွန်ကရစ် (AC)လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်းတို့ ပြုလုပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။
ထိုနောက် (၆-၂-၂၀၂၆) ရက်၊ (၁၀၀၀)အချိန်၊ (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ထီသိမ်ဘူတာလမ်းဆုံ၌ ထီသိမ်ဘူတာသွားလမ်း (ပလီလင်းလမ်းမကြီးမှ ထီသိမ်ဘူတာ View Point အထိ) ကွန်ကရစ်လမ်းသစ်နှင့် ထီသိမ်(View Point) ဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ သူနာပြု သင်တန်းကျောင်းမှ သင်တန်းသား/သူများ၊ ဒေသခံပြည်သူများ အပါအဝင် စုစုပေါင်းအင်အား (၅၀၀)ဦးခန့်နှင့်အတူ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်(ပ/၃၅၆၄)မှ လိုက်ပါတက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထီသိမ်ဘူတာသွားလမ်း (ပလီလင်းလမ်းမကြီးမှ ထီသိမ်ဘူတာ View Point အထိ) ကွန်ကရစ် လမ်းသစ်နှင့် ထီသိမ်(View Point)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ထီသိမ်( View Point) တစ်လျှောက် လှည့်လည်ကြည့်ရှုခြင်းနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်း တို့ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။