ကျိုင်းတုံ ဇန်နဝါရီ-၃၁
(၂၆)ကြိမ်မြောက် ကျိုင်းတုံတပ်နယ် ထမနဲထိုးပြိုင်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၃၁ ရက် ညနေ၄နာရီတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းစစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်နယ်အစိုရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဌ ဦးတင်လင်းနှင့် ဇနီး၊ ပြည်နယ်အစိုရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်များ၊ ကျိုင်းတုံခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးနိုးဝေနှင့် ဇနီး၊ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှု အခြေအနေအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီးနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲ၌ ဆုရရှိသည့် အသင်းများအား ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ပါကြောင်း သိရှိရသည်၊၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး