တောင်ကြီး ဇန်နဝါရီ ၃၀
တောင်ကြီးခရိုင် / မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ ၃၀ ရက် နံနက် ၁၀နာရီတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများ စုစုပေါင်းအင်အား (၁၆၀)ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ထို့နောက် တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ ဦးမင်းစိုးနိုင်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများနှင့်အတူ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော လဝက်ပုံမှန်ညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်အတွင်းရှိလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကိစ္စရပ်များ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
