လင်းခေး ဇန်နဝါရီလ ၃၀ ရက်
လင်းခေးခရိုင် မောက်မယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ဇန်နဝါရီလ ၃၀ ရက် နံနက် ၁၀နာရီတွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး( မြို့ပေါ်လုံခြုံရေး ) အဖွဲ့ဝင်များအတွက် (၁)ဦးချင်းနေ့တွက်စရိတ်နှင့် အပိုထောက်ပံ့ကြေးငွေများ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ( မြို့နယ်အုပ်ချုပ်ရေးမှူး ) ဦးမင်းသက်နိုင်မှ အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးမြင့်ဇော် မှ ၂၀၂၆ခုနှစ် ၊ ဇန်နဝါရီလအတွက် ( ၁ ) ဦးချင်း နေ့တွက်စရိတ်နှင့် အပိုထောက်ပံ့ကြေးငွေများ ပေးအပ်ဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များနှင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ( မြို့ပေါ်လုံခြုံရေး ) အဖွဲ့ဝင်များ စုစုပေါင်းအင်အား( ၅၂ )ဦးခန့် တက်ရောက်ခဲ့ပါကြောင်းသိရှိရသည်။
ဆက်လက်၍ မိုင်းပန်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဟန်ဇော်မြင့်သည် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည် နယ်အစိုးရအဖွဲ့ (Clean & Green) ခွင့်ပြုရန်ပုံငွေကျပ်သန်း(၆၁.၂၀၀)သန်းဖြင့် နှင်းမြရွှေစင် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော မိုင်းပန်မြို့၊ အနောက်ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းမကြီး ယာဘက်ခြမ်းကျောက်စီရေမြောင်းဖုံးနှင့် ပလပ်ဖောင်းဆောင်ရွက်ခြင်းလုပ်ငန်း (အလျား-၂၂၀ပေ× အနံ-၄ပေ×အမြင့်-၂ပေ) ဆောင်ရွက်နေမှု အခြေအနေများအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဝင်များနှင့်အတူ ကွင်းဆင်းစိစစ်ကြပ်မတ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး