ကျိုင်းတုံ ဇန်နဝါရီ-၃၀
ကျိုင်းတုံမြို့နယ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်ခဲ့သည့် ခရီးစဉ်လမ်းညွှန်ချက်နှင့် ဆက်စပ်လုပ်ငန်းဖြစ်သော မြို့တော်ခန်းမရှေ့ ရေနုတ်မြောင်းနှင့် မြို့တော်ခန်းမ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ဇန်နဝါရီ (၃၀) ရက်နံနက် (၉) နာရီခွဲတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီးနောက် နောင်ကုန်ကျေးရွာအုပ်စုမှ အမှတ်(၁၁) တပ်မတော်တန်းမြင့်‌လေ့ကျင့်ရေးကျောင်းသို့ ရှောင်ကွင်းလမ်း (၁/ ၃) မိုင်အား ကွန်ကရစ်လမ်း အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်မည့်အခြေအနေများအားကြည့်ရှုခဲ့သည်။
ဆက်လက်၍ ကျိုင်းတုံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ အိုးအိမ်ဝန်ထမ်းအိမ်ရာအတွင်း အိမ်ရာအသစ် ဆောက်လုပ်မည့် မြေနေရာအခြေအနေများအား စစ်ဆေးခဲ့ရာ လိုအပ်သည်များ မှာကြားခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး