ကျေးသီး ဇန်နဝါရီလ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း များကို ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ နေ့လည် ၁:၀၀နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်ဝင်းကြိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်း၌ ကျေးသီးမြို့နယ်အတွင်းရှိ မြို့မဈေးနှင့် ဈေးဝန်းကျင်များ မီးဘေးလုံခြုံမှုရရှိစေရန်အတွက် မီးချိတ် မီးကပ်များစနစ်တကျထားရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း ၊ မီးသတ်ဆေးဘူးများ စနစ်တကျထားရှိစေရေး၊ မီးသတ်ဆေးဘူးကို စနစ်တကျ ကိုင်တွယ်အသုံးပြု တတ်ရန် ရှင်းလင်းပြောကြားခြင်း၊ မီးလောင်မှု၊ မီးလန့်မှုများ ဖြစ်ပွားလာပါက အမြန်ဆုံးငြှိမ်းသတ် နိုင်ရေး ဆောင်ရွက်ထားမှုများ၊ လျှပ်စစ်မီးကြိုးများ၊ ဝိုင်ယာကြိုးများ စနစ်တကျထားရှိမှုများကို ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး