တောင်ကြီး ဇန်နဝါရီ-၃၁
အများပြည်သူအားလပ်ရက်တွင်လာရောက်အပန်းဖြေအနားယူရင်ကျန်းမာရေးအတွက်သန့်ရှင်သောလေကိုရှုရှိုက်၍သာယာလှပသောရှုခင်းများနှင့်ထီသိမ်ဘူတာရှိဘဝသံသရာကွေ့ရထားလမ်းအလှကိုအမှတ်တရဓါတ်ပုံရိုက်ကူးခံစားနိုင်ရန်အတွက်ဇန်နဝါရီ(၃၀)ရက်ညနေ(၄)နာရီကရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊တာဝန်ရှိသူများနှင့်အတူထီသိမ်ဘူတာViewPointရှုခင်းသာလုပ်ငန်းဆောင်ရွက်နေမှုနှင့်ViewPointအဝင်ကွန်ကရစ်လမ်းပြီးစီးမှု၊အလှပန်းပင်များစိုက်ပျိုးဆောင်ရွက်နေမှု၊တို့ကိုသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီးViwePointအဝင်လမ်းညွှန်ဆိုင်းဘုတ်ဆောင်ရွက်မည့်နေရာများကိုကြည့်ရှု၍ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များကိုတာဝန်ရှိသူများအားဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
ထို့နောက်ဇန်နဝါရီ(၃၁)ရက်နံနက်(၆)နာရီခွဲကတောင်ကြီးမြို့၊တောင်ကြီးဂေါက်ကလပ်၌ရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပသော၂၀၂၆ခုနှစ်(၇၉)နှစ်မြောက်ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်အခမ်းအနားသို့သို့ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥဒေချုပ်၊ပြည်နယ်အဆင့်ဌာနဆိုင် ရာများအားကစားဝါသနာရှင်များတက်ရောက်ကြသည်။
ဖွင့်ပွဲတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ပြည်နယ်ဝန်ကြီးများက SMOKE BALL ကိုရိုက်၍ဖွင့်လှစ်ပေးကြပြီးပြိုင်ပွဲဝင်အသင်းများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီးပြိုင်ပွဲဝင်အားကစားသမားများပြိုင်ပွဲစတင်ယှဥ်ပြိုင်နေမှုကိုကြည့်ရှုအားပေးကြကြောင်းသိရှိရသည်။
အဆိုပါ(၇၉)နှစ်မြောက်ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်ဂေါက်သီးရိုက်ပြိုင်ပွဲတွင်စီနီယာတန်း(၆၀)ထက်နှင့်(၇၀)ထက်၊အမျိုးသမီးတန်း၊ဧည့်သည်ပြိုင်ပွဲ၊စီနီယာတန်းအမျိုးသား၊အမျိုးသမီးပြိုင်ပွဲများနှင့်ပြိုင်ပွဲတွင်အတွဲ(၃၂)တွဲနှင့်ပြိုင်ပွဲဝင်ဦးရေ(၁၂၉)ဦးပါဝင်ယှဥ်ပြိုင်ကြပြီးပြိုင်ပွဲကိုဇန်နဝါရီလ(၃၁)ရက်မှဖေဖော်ဝါရီ(၃)ရက်နေ့အထိ ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် မိုဆိုဝါးစိုက်ပျိုးရေးနှင့်ပတ်သက်၍ ဂရိတ်ဟော်ခမ်း အများနှင့်သက်ဆိုင် သောကုမ္ပဏီလီမိတက်မှ လာရောက်ရှင်းလင်းခြင်းအခမ်းအနားသို့ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်အဆင့်ဌာနဆိုင်ရာများကုမ္ပဏီတာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာဂရိတ်ဟော်ခမ်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏စိုက်ပျိုးရေးအတိုင်ပင်ခံပါမောက္ခဒေါက်တာစန်းဝင်းကဝါးစိုက်ပျိုးမည့်အကြောင်းများကိုရှင်းလင်းတင်ပြပြီးအုပ်ချုပ်မှုဒါရိုက်တာစိုင်းအုန်းမြင့်ကဝါးစိုက်ပျိုးရေးစီမံကိန်းအဆိုပြုချက်များကိုရှင်းလင်းတင်ပြသည်။
ထိုနောက် မိုဆိုဝါးစိုက်ပျိုးရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် တက်ရောက်လာကြသည့် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးများ၊ပြည်နယ် ဥပဒေချုပ်တို့က မိုဆိုဝါးစိုက်ပျိုးဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဥ်း၍ လိုအပ်သည်များကိုဖြည့်စွက်အကြံပြုဆွေးနွေးကြကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြမှုအပေါ် ဖြည့်စွက်ဆွေးနွေးပြောကြားရာ လုပ်သင့်လုပ်ထိုက်သည့်လုပ်ငန်းဖြစ်၍ အားပေးပါကြောင်း၊ တောင်ကြီးမြို့မြေအောက်ရေ ရရှိရေးအတွက်သစ်တောသစ်ပင်ထိန်းသိမ်းမှုကိုလည်း အကျိုးပြုပါကြောင်း၊သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရေးအနေဖြင့် ဆောင်ရွက်သင့်ပါကြောင်း၊ ခါတော်မှီပင်များလည်း စိုက်ပျိုးဆောင်ရွက်သလို ကော်ဖီပင်များလည်း ထည့်သွင်းစိုက်ပျိုးဆောင်ရွက်ပေးစေလိုပါကြောင်း၊ ဒေသဝါးများကိုလည်း ကုန်ချောထုတ်လုပ်ရာတွင် ထည့်သွင်းဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားသွားကြောင်းသိရသည်။
အဆိုပါမိုဆိုဝါးစ်ိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်မှာ အေးသာယာမြို့၊ နိုင်ငံ့ဝန်ထမ်းအိမ်ရာစီမံကိန်း၏ ပတ်ဝန်းကျင်၌သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စိမ်းလန်းစိုပြေပြီးသာယာလှပသောပတ်ဝန်းကျင်ကိုဖန်တီးရန်၊စီးပွားရေးအခွင့်အလမ်းများဖော်ဆောင်ခြင်းဖြင့်ဒေသခံပြည်သူလူထုအတွက်အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရန်၊ဝါးကိုတန်ဖိုးမြှင့်ကုန်ချောများအဖြစ်ထုတ်လုပ်ကာနိုင်ငံခြားဝင်ငွေရရှိစေရန်ဖြစ်ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
