တောင်ကြီး ဇန်နဝါရီ-၂၃
ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဥ် (၁/၂၀၂၆)နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ် စဥ်(၁/၂၀၂၆)ကို ဇန်နဝါရီ(၂၃)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲခြင်းဆိုင်ရာကိစ္စရပ်များ စီမံခန့်ခွဲခြင်းဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ ဆက်စပ်သည့်ဌာန၊ အဖွဲ့အစည်းအားလုံးနှင့် ချိတ်ဆက်ပြီး စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန်၊ သက်ဆိုင်ရာဌာနများ၏ မူဝါဒနှင့်အညီ ဆောင်ရွက်ပေးကြရန်နှင့် ခွင့်ပြုပေးရာမည့် ကိစ္စရပ်များကိုလည်း တင်ပြဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနများကလည်း အဓိကဆွေးနွေးတင်ပြပေးကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးကလယ်ယာမြေစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးအမှတ်စဥ်(၃/၂၀၂၅) ဆုံးဖြတ်ချက်များ၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဥ်(၃/၂၀၂၅)ဆုံးဖြတ်ချက်များအား ဖက်ကြားအတည်ပြုပြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဥ်(၁/၂၀၂၆) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ခြင်းနှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန်အစည်းအဝေးအမှတ်စဥ်(၁/၂၀၂၆) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်၍ အထွေထွေဆွေးနွေးကာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး