တာချီလိတ် ဇန်နဝါရီ-၂၈
ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော တာချီလိတ်မြို့ အကောင်အထည်ဖော်ဆောင်ရွက်မှု Video မှတ်တမ်းအား စိစစ်အကဲဖြတ်ခြင်း အခမ်းအနားကို ဇန်နဝါရီ ( ၂၈) ရက် နံနက် (၁၀) နာရီခွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့လုပ်ငန်းဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့၊ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့လုပ်ငန်းဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့၏ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုစုပေါင်းအင်အား(၂၅)ဦးခန့်နှင့်အတူ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့လုပ်ငန်းဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့၊ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် တာချီလိတ်မြို့၏ Video မှတ်တမ်းအား ကြည့်ရှုခြင်း၊ ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးထက် မှ အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသည့်ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့များနှင့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အ‌ခြေအနေများအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့လုပ်ငန်းဖော်ဆောင်ရေး ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့၊ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း မှ လိုအပ်သည်များ ဆွေးနွေးညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး