‎ပင်းတယ ဇန်နဝါရီ ၂၈
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာတွင် ဇန်နဝါရီလ၂၈ရက် နံနက်၉နာရီခွဲက နေကြာမျိုးစေ့ထုတ်လုပ်ခြင်းကွင်းသရုပ် ပြပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
‎ ဦးစွာ သပြေကုန်းမျိုးစေ့ခြံတာဝန်ခံက နေကြာမျိုးစေ့ ထုတ်လုပ်ခြင်း ဆောင်ရွက်ထားရှိမှု အ‌ခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ ဥက္ကဌ ဦးအာကာလင်းမှလိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။ ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ မှ တောင်သူများ အားဆေးဖျန်းရာတွင် အကာအကွယ် ပေးသည့် PPE ဝတ်စုံများကို ထောက်ပံ့ပေးပြီး ၊နေကြာမျိုးစေ့ထုတ်စိုက်ခင်း အား လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။
ယင်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများသည် သိမ်ကုန်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည့်ပြည်သူလူထု တွေ့ဆုံပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြောင်းသိရသည်။
‎အဆိုပါ ပြည်သူလူထုတွေဆုံပွဲအခမ်းအနားတွင် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌဦးအာကာလင်းမှ အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် နယ်စပ်ဒေသဖွံ့ဖြိုးမှုကြီးကြပ် ရေးမှူးရုံး မှ ဒုတိယညွှန်ကြားရေးမှူးမှ သိမ်ကုန်းကျေးရွာအုပ်စုအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ လိုအပ်သည်များကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌမှ လမ်းညွန်မှာကြားသည်။ ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌမှ သိမ်ကုန်းကျေးရွာ အုပ်စုအတွင်းရှိ ၂၀၂၅ခုနှစ် အတွင်း ရေကြီးမြေပြိုမှုဘေးဒဏ်သင့် နေအိမ်များအား ဆန်အိတ်များ ထောက်ပံ့ပေးခြင်း၊ အလက(သိမ်ကုန်း)၊ မူလွန်(အုံအက်)၊ အမက(ကြံခင်းမြောင်) စာသင်ကျောင်းများအတွက် MRTV DTH စလောင်းတစ်စုံစီနှင့် သိမ်ကုန်းကျေးရွာအုပ်စု အတွင်းရှိ တောင်သူများအား ပိုးသတ်ဆေး အကာအကွယ် PPEဝတ်စုံများနှင့် အလှူငွေများကို ထောက်ပံ့ လှူဒါန်းပေးခဲ့ ကြောင်း သိရသည်။
ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် သိမ်ကုန်းကျေးရွာအုပ်စုအတွင်းမှ ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကိုတင်ပြကြရာ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌမှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းလည်း သိရသည်။
ထိုမှတဆင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ နှင့် တာဝန်ရှိသူများ သည် ၂၀၂၅ ခုနှစ် ရေဘေးဒဏ်ကြောင့် လူနေအိမ်များပျက်စီးခဲ့ရာပြီး နေအိမ်အသစ်ပြန်လည်ဆောက်လုပ်၍ နေထိုင်လုပ်ကိုင် နေကြသည့် ကုန်းစောင်းကျေးရွာ မှ အိမ်ထောင်စုများအား သွားရောက်ကြည့်ရှု ကာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၊ ရှမ်းပြည်နယ်အစိုးရ ခွင့်ပြု ဘဏ္ဍာ ရန်ပုံငွေဖြင့် ဒေသဝက် (၅၀) ကောင်အား မွေးမြူရေးဘဏ်စနစ်ဖြင့် ဒုတိယအကြိမ် လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး