တာချီလိတ် ဇန်နဝါရီ-၂၇
ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ၂၇ ရက် နေ့လည်(၂) နာရီခွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီ၊ ဥက္ကဌ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ဥက္ကဌ၊ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကျော်စွာမျိုးတို့ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီ၊ ဥက္ကဌ၊ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ဥက္ကဌ၊ ဦးတင်လင်းက အဖွင့်အမှာစကား ပြောကြားခြင်း၊ တက်ရောက်လာသည့် အဖွဲ့ဝင်များက ဗီဒီယိုလုပ်ငန်းလိုင်စင်သစ်/ သက်တမ်းတိုး လျှောက်ထားသည့် အမှုတွဲစိစစ်တွေ့ရှိချက်များအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီဥက္ကဌ(ပစခဥက္ကဌ) ဦးတင်လင်းက လိုအပ်သည်များ ဆွေးနွေးညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီးနောက် ဗီဒီယိုလုပ်ငန်းလိုင်စင်သစ်/ သက်တမ်းတိုး လျှောက်ထားသည့် နေရာများသို့ လိုက်လံကွင်းဆင်း ကြည်ရှုစစ်ဆေးခဲ့ပါကြောင်း သိရှိရသည်၊၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး