ပင်းတယ ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း ၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ပင်းတယမြို့၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးအစည်းအဝေးခန်းမ (၁) ၌ ဇန်နဝါရီလ၂၇ရက် နံနက်၁၀နာရီ အချိန်က မြေဩဇာ ၊ မျိုးစေ့ ၊ပျိုးပင် ၊ ပိုးသတ်ဆေးဆိုင်ရာ ဥပဒေများ ရှင်းလင်းဆွေးနွေးခြင်း၊ပိုးသတ်ဆေးဓာတ်ကြွင်း အာနိသင်များလျော့ချရေး အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌဦးအာကာလင်းက အဖွင့်အမှာ စကားပြောကြားသည်။ထိုနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ စိုက်ပျိုးရေးဦးစီးဌာန ၊ ဒေသစိုက်ပျိုးရေးဦးစီးမှူး မှ မြေဩဇာ ၊ မျိုးစေ့ ၊ ပျိုးပင်၊ ပိုးသတ်ဆေး အရောင်းဆိုင်များနှင့် ပတ်သက်၍ လိုက်နာရမည့် အချက်များ အားရှင်း လင်းပြောကြားပေးသည် ။ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများမှ မြေဩဇာ ၊ မျိုးစေ့ ၊ ပျိုးပင်၊ ပိုးသတ်ဆေးဆိုင်ရာ များနှင့် ပတ်သက်၍ အကြံပြု ဆေးနွေးတင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့ဥက္ကဌမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ နှင့် တာဝန်ရှိသူများက ဆေးဖျန်းရာတွင် အကာအကွယ် ပေးသည့် PPEဝတ်စုံးများကိုထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ပင်းတယမြို့နယ် ၊ မဲနယ်တောင်ကျေးရွာအုပ်စု၊ မဲနယ်တောင် ကျေးရွာဘုန်းတော်ကြီးကျောင်း တွင်ကျင်းပပြုလုပ်သည့် ပြည်သူလူထုတွေ့ဆုံပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပြည်သူလူထုတွေ့ဆုံပွဲတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးအာကာလင်းမှ အဖွင့်အမှာ စကားပြောကြားပေးပြီး ၊နယ်စပ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ရုံး ဒုတိယညွှန်ကြာရေမှူးက ဒေသဖွံ့ဖြိုတိုးတက်ရေးလုပ်ငန်း များ ဆောင်ရွက်ထားရှိမှု အခြေအနေများ နှင့် ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းလျာထားချက်များ အားရှင်းလင်းတင်ပြရာ လုပ်ငန်းများ အမြန်အကောင်အထည် ဖော်ပြီးစီးဆောင်ရွက်နိုင်ရေး အတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌမှလိုအပ်သည်များကိုလမ်းညွန်မှာကြားသည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌက ၂၀၂၅ ခုနှစ်၊ သဘာဝဘေးကြောင့် ရေဘေးသင့်ခဲ့သည့် မြေပြိုကျေးရွာအတွက် ဆန်အိတ်များ ထောက်ပံ့ပေးခဲ့ပြီး ၊ မြေပြိုကျေးရွာ ဘုန်းတော် ကြီးကျောင်း နှင့် စာသင်ကျောင်းအတွက် MRTV-4DTH တစ်စုံစီပေးအပ်ရာ တာဝန်ရှိသူများ ကလက်ခံရယူခဲ့ကြသည်။
ယင်းနောက်အခမ်းအနားသို့တက်ရောက်လာကြသည့်တောင်ပေါ်ကြီးကျေးရွာနှင့်မဲနယ်တောင်ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများက မိမိတို့ဒေသ၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ တင်ပြချက်များအပေါ် ကျေးရွာဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ အကောင်အထည်ဖော်လုပ်ကိုင်နိုင်စေရန် အတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌက သက်ဆိုင်ရာဌာနမှ တာဝန်ရှိများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
