မောက်မယ် ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ နိုင်ငံတစ်ဝှမ်းကာကွယ်ဆေးထိုး လွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် နိုင်ငံတစ်ဝှမ်း ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ဇန်နဝါရီ ၂၅ ရက် နံနက်၁၀နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြမြသန်းက နိုင်ငံတစ်ဝှမ်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မား စေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်း လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးနှင့် မြို့နယ်အတွင်းကျေးရွာများမှ စေတနာ့ဝန်ထမ်းများ ရွေးချယ်ရာတွင် ဒေသခံဝန်ထမ်းများမှ အဆင်ပြေ မည်ဖြစ်ကြောင်း ကျေးရွာများသို့ကွင်းဆင်းခဲ့သည့် အတွေ့အကြုံများအရ ကြုံတွေ့ခဲ့ရသည့်အခက်အခဲများ၊ အားနည်းချက်အားသာချက်များ ရှင်းလင်း ဆွေးနွေးခဲ့ရာ ၂၀၂၆ခုနှစ်တွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး နိုင်ငံတစ်ဝှမ်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားရေးနှင့် ခက်ခဲဒေသများတွင် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းများပိုမိုဆောင် ရွက်နိုင်ရေးအတွက် မှတ်တမ်းဗွီဒီယိုပြသ ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
