‎‎
တောင်ကြီး ဇန်နဝါရီ-၂၄
တောင်ကြီးခရိုင်/ မြို့နယ်စုပေါင်းရုံးဝင်းအတွင်း၌ ရုံးအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပမှုရှိစေရေး စုပေါင်းရုံး ဝင်းအတွင်းရှိ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးကို ဇန်နဝါရီလ၂၄ ရက်၊ နံနက်(၇)နာရီတွင် ဆောင်ရွက်နေသည့် နေရာများသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင် သည် လှည့်လည်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကြီးကြပ်ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး