တောင်ကြီး ဇန်နဝါရီ ၂၃
တောင်ကြီးမြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ (၁/၂၀၂၆) လုပ်ငန်းညှိနိူင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၃ ရက် နေ့လည် ၁နာရီတွင် တောင်ကြီးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် တောင်သူကိုယ်စားလှယ် ၅ ဦး၊ စုစုပေါင်း အင်အား ၁၁ ဦးခန့်ဖြင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနိူင်းအစည်းအဝေးကျင်းပပြု လုပ်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
