မိုင်းရယ် ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်ရဲတပ်ဖွဲ့ ၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊လဝက၊မြို့နယ် ရဲတပ်ဖွဲ့၊ သစ်တော ဦးစီးဌာနတို့ပါဝင်သည့် ပူးပေါင်း အဖွဲ့သည် ဇန်နဝါရီ ၂၃ရက် နံနက် ၁၀ နာရီမှစ၍ မိုင်းရယ်မြို့အဝင်ဂိတ်တွင် တရားမဝင်ကုန်စည်စီးဆင်းမှုမရှိ စေရေးအတွက် မော်တော်ယာဉ်များကို စစ်ဆေးခဲ့သည်။
အဆိုပါ ပူးေပါင်းအဖွဲ့က ကျေးသီးဘက်မှလာသည့်မိုင်းရယ်မြို့အထွက်ယာဉ်များ လားရှိုး၊ တန့်ယန်းဘက်မှလာသည့် အဝင်ယာဉ်များကို ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်၊ မှတ်ပုံတင်နှင့် ကုန်စည်တင်သွင်းမှုဆိုင်ရာ အထောက်အထားများ ပါရှိမှုနှင့် မှန်ကန်မှု ရှိ၊မရှိတို့ကိုစစ် ဆေးခဲ့ကြသည်။
မိုင်းရယ်မြို့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် (မြောက်ပိုင်း) ထိစပ်ရာ မြို့အဖြစ်တည်ရှိနေပြီး ကုန်စည်စီးဆင်းမှု အချက်အခြာကျရာမြို့လည်း ဖြစ်လာရာ တရားမဝင်ကုန်စည် စီးဆင်းမှုမရှိစေရေး တာဝန်ရှိသူများက အခါအားလျော်စွာ ကြပ်မတ်စစ်ဆေးလျက်ရှိသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
