‎‎
မောက်မယ် ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူ များအသိပညာပေးဆွေးနွေးပွဲကို ဇန်နဝါရီလ၂၂ရက် နံနက် ၉ နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ လင်းခေးခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးမို့မို့ထွန်းက အဖွင့်အမှာ စကားပြောကြားပြီး ပဲပုပ်သီးနှံစိုက်ပျိုးရေးနည်းစနစ်ကောင်းများအကြောင်းကို ရှင်းလင်းဆွေးနွေးကာ လင်းခေးခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆွေဇင်မြင့်က EMဘိုကာချီပြုလုပ်ပုံအဆင့်ဆင့်နှင့် အကျိုး ကျေးဇူးများအကြောင်းကို ပရိုဂျက်တာနှင့် ရှင်းလင်းဆွေးနွေးပြီး မြို့နယ်အတွင်းရှိတောင်သူ များ(၄၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး