‎‎
တောင်ကြီး ဇန်နဝါရီ-၁၁
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ဇန်နဝါရီလ ၁၁ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၌ကျင်းပရာ ပြည်သူများလွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် နံနက်(၆)နာရီက ကလောမြို့နယ်၊ အောင်ပန်းမြို့ နှင့် ဟဲဟိုးမြို့ရှိ ရပ်ကွက်ကျေးရွာအသီးသီးရှိ မဲရုံများတွင် မဲရုံးမှူးများက မဲရုံစတင်ဖွင့်လှစ်ကြောင်း ကြေငြာရာပြည်သူများက စိတ်အားထက်သန်၊ အေးချမ်းစွာဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် မဲစာရင်းလက်မှတ်များပြသ၍ ဆန္ဒမဲ လာရောက်ပေးကြကြောင်းသိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့် တာဝန်ရှိသူများသည် ကလောမြို့နယ် ဟဲဟိုးမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းရှိ အမှတ်(၂)ရပ်ကွက်၊ မဲရုံအမှတ်(၁)ကိုလည်းကောင်း၊ ဟဲဟိုးမြို့ အ‌ခြေခံပညာအလယ်တန်းကျောင်းရှိ အမှတ်(၄)ရပ်ကွက်၊ မဲရုံအမှတ်(၁)ကိုလည်းကောင်း၊ ဝါးရုံပင်အခြေခံပညာအလယ်တန်းကျောင်းရှိ ဝါးရုံပင်ကျေးရွာအုပ်စု မဲရုံအမှတ်(၁)ကိုလည်းကောင်း၊ အောင်ပန်းမြို့ အမှတ်(၈)အခြေခံပညာမူလတန်းကျောင်းရှိ ရွာသစ်ရပ်ကွက်၊ မဲရုံအမှတ်(၁)ကိုလည်းကောင်း၊ ဇောတိကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ရေချိုကျေးရွာအုပ်စု မဲရုံအမှတ်(၁)ကိုလည်းကောင်း၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းရှိ၊ လှည်းရိုးရပ်ကွက် မဲရုံအမှတ်(၁) ကိုလည်းကောင်း၊ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းရှိ ညောင်ပင်ထောင်ရပ်ကွက် မဲရုံအမှတ်(၁) နှင့် (၂) ကိုလည်းကောင်း၊ ကလောမြို့ ဓမ္မဝိသဇ္ဇနဓမ္မာရုံရှိ အမှတ်(၁)ရပ်ကွက် မဲရုံအမှတ်(၁)ကိုလည်းကောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမရှိ အမှတ်(၄)ရပ်ကွက် မဲရုံအမှတ်(၁)တို့ကိုလည်းကောင်း သွားရောက်၍ ပြည်သူများအေးချမ်းလွတ်လပ်စွာ ဆန္ဒမဲလာရောက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်သည့် ရွာငံမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ မိုင်းခတ်မြို့နယ်၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ ရပ်စောက်မြို့နယ်၊ တန့်ယန်းမြို့နယ်၊ မိုင်းရယ်မြို့နယ်၊ ကွန်ဟိန်းမြို့နယ်၊ မိုင်းတုံမြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယန်းမြို့နယ်၊ မိုင်းပန်မြို့နယ်၊ မောက်မယ်မြို့နယ်၊ မိုင်းကိုင်မြို့နယ်၊ လဲချားမြို့နယ်တို့တွင်လည်း မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ် ရပ်ကွက်၊ ကျေးရွာ အုပ်စုများရှိ မဲရုံများတွင် အေးချမ်းလွတ်လပ်စွာ၊ စည်းကမ်းစနစ်ကျစွာဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့်အတူ မဲစာရင်းလက်မှတ်များကိုင်ဆောင်တန်းစီ၍ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး