‎‎
ကလော ဇန်နဝါရီ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်အတွင်းရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ကြီးကြပ်မှုဖြင့် တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္မဏီမှ BOT စနစ်ဖြင့် အကောင်အထည်‌ဖော် ဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာ – တောင်ကြီး – ကျိုင်းတုံ – တာချီလိတ်လမ်း ပြုပြင်‌ဆောင်ရွက်နေမှုအခြေအနေများကို ဇန်နဝါရီလ ၅ ရက်နေ့မွန်းလွှဲ ၁ နာရီက ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ကလောခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် တာဝန်ရှိသူများက မိတ္ထီလာ – တောင်ကြီး – ကျိုင်းတုံ – တာချီလိတ်လမ်း မိုင်တိုင်အမှတ် ၅၃/၃ဖာလုံ၌ ချောင်းရေတိုက်စားမှုကြောင့် လမ်းတာဘောင်ပဲ့ကျမှုအား ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများ၊ မိုင်တိုင် အမှတ် ၆၁/၇-၆၂/၀ အတွင်းကတ္တရာ‌ကွန်ကရစ် (AC)ဖြင့် ပြန်လည်ပြုပြင်နေသည်အခြေအနေများ၊ မိုင်တိုင်အမှတ် ၆၄/၃-၆၄-၄နှင့် မိုင်တိုင်အမှတ် ၆၅/၂ အတွင်း‌ သဘာဝဘေးဒဏ်ကြောင့် မြေပြိုကျသည့်အပိုင်းအား ပြန်လည်ပြုပြင်ဆောက်ရွက်နေမှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူတစ်ဦးက ‌လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်ကာလအချိန်မှီ ပြီးစီးနိုင်ရေးလမ်း ညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကလောမြို့ မောမြေဦးပန်းခြံပန်းပွဲတော် ကျင်းပဆောင်ရွက်ထားရှိမှုအခြေအနေများ လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက် နေမှုအား ကြည့်ရှုစစ်ဆေးပြီး ထီသိမ်ဘူတာ View Point ကွင်းပြင်ရှေ့တွင် ပန်းနမ်းများစိုက်ရန် ကြည့်ရှုစစ်ဆေးပြီး စည်ပင်သာယာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး View Point အတက်လမ်း ကွန်ကရစ်လမ်း(၁၂)ပေ ခင်းကျင်းနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရန် ဖြည့်စွက်မှာကြားပြီး View Point ဆောက်လုပ်နေမှု လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး