ပင်းတယ ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ပဲစင်းငုံစိုက်တောင်သူများ ဈေးကောင်းရရှိနေကြောင်း သိရသည်။ပင်းတယမြို့နယ်တွင် ကဆုန်လ၊ နယုန်လတို့တွင် ပဲစင်းငုံအား စတင်စိုက်ပျိုးကြကာ ပဲစင်းငုံအပင်သက်တမ်းသည် ခုနှစ်လကျော်၊ ရှစ်လကြာမြင့်ပြီး အဖူး၊ အပွင့်ပွင့်ချိန်သည် တော်သလင်းလ၊သီတင်းကျွတ်လတွင်ပွင့်ကြောင်း အပွင့်ပွင့်ချိန် မိုးရွာသွန်းမှုများပါက အသီးသီးနှုန်း လျော့နည်းသွားနိုင်ကြောင်း အပွင့်ပွင့်ချိန် မိုးမရွာပါက ပဲစင်းငုံရဖို့သေချာကြောင်းနှင့်ယခုပင်းတယမြို့နယ်တွင်ပဲစင်းငုံတစ်ပိဿာကို ကျပ် (၃၅၀ဝိ/-) မှ ကျပ်(၄၀၀ဝိ/-) ထိရောင်းချနေရကြောင်းနှင့်အောင်ပန်းမြို့ပွဲရုံ၌ကျပ်(၄၅၀ဝိ/-) ထိဈေးနှုန်းရရှိနေကြောင်းသိရပြီး၊ပင်းတယမြို့နယ်အနေဖြင့် ယခုနှစ်တွင်မိုးရွာသွန်းချိန်ပိုများခဲ့မှုကြောင့် တချို့ပဲစင်းငုံစိုက်ခင်းများ အောင်မြင်မှုနှုန်းလျော့ကျခဲ့ကြောင်းတောင်သူတစ်
ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
