မိုင်းဆတ် ဇန်နဝါရီ-၁၇
မိုင်းဆတ်ခရိုင်၏ မိုင်းဆတ်မြို့၊ မယ်ဆွယ် တောင်ရပ်ကွက် အောင်ဇေယျ ဘက်စုံအား ကစားကွင်းအတွင်း/အပြင် ပြည်သူလူထုစုပေါင်း သန့်ရှင်းရေးကို ဇန်နဝါရီ (၁၇)ရက် နံနက် (၇) နာရီတွင် ပြုလုပ်ရာ စကခ(၁၄ ) စစ်ဆင်ရေးကွပ်ကဲမူဌာနချုပ် စစ်ဦးစီး (ပထမ)တန်း ဒုတိယဗိုလ်မှူးကြီးသိန်းဇော်နှင့်ဌာနချုပ် အောက်တပ်ရင်းတပ် ဖွဲ့များမှ တပ်မတော် အရာရှိ စစ်သည်များ ဒုတိယlခရိုင်အုပ်ချုပ်ရေးမှူးဦးဝင်းဌေး ဦးဆောင်သည့် ခရိုင် / မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ၊ စုစုပေါင်း အင်အား (၁၇၅)ဦး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ သန့်ရှင်းရေးအား မိုင်းဆတ်မြို့၊ မယ်ဆွယ် တောင်ရပ်ကွက်၊ အောင်ဇေယျ ဘက်စုံကွင်း အတွင်းနှင့် အပြင်ဘေးဘက် အရှေ့ဘက် အဝင်းလမ်း ဘေးဝန်းကျင် ဝဲယာတို့တွင် မြက်များဖြတ် ခြင်း ၊ သစ်ကိုင်း သစ်ပင် များခုတ်ထွင်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခြုံနွယ်များ ခုတ်ထွင်ခြင်းများပြုလုပ်ခဲ့ပါကြောင်း သိရှိရသည်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
