ပင်လောင်း ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးသည် ရွေးကောက်ပွဲဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ မြို့နယ်၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ၊ မဲရုံမှူး၊ ဒုမဲရုံမှူများနှင့် ဇန်နဝါရီ ၁၆ရက် နံနက်ပိုင်းက ဘက်စုံသုံး ခန်းမတွင် တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် ပင်လောင်းမြို့နယ်၌ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့များနှင့် မဲရုံမှူး ဒုတိယမဲရုံမှူးများက မဲပေးစက် များကို မဲရုံသို့ စက်ချွတ်ယွင်းမှု တစ်စုတစ်ခုမရှိစေဘဲ စနစ်တကျသယ်ဆောင် ကိုင်တွယ် အသုံးပြု ကြရန်နှင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးမှုမကျန်ရှိစေရေး၊ မဲဆန္ဒရှင်များ သက်တောင့်သက်သာဖြင့် မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးကြရန်နှင့် ရွေးကောက်ပွဲနည်းဥပဒေအတိုင်း ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားပြီး၊ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်ဝင်းက ရှမ်းပြည်နယ်တွင် ကျင်းပပြီးသည့် ရွေးကောက်ပွဲအပိုင်း(၁)၊(၂) ရလဒ်နှင့်မဲပေးမှုရာခိုင်နှုန်းများ၊ အပိုင်း(၃) မဲပေးနိုင်မှုရာခိုင်နှုန်းများအောင် ရပ်ကွက်/ကျေးရွာမျာမှ စည်းရုံးဆောင်ရွက်ကြရန်နှင့် မဲရေတွက်မှုအမှားနည်းအောင် အတတ်နိုင်ဆုံး ဂရုစိုက်ပြီး စစ်ဆေးပေးကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားကြသည်။
ထို့နောက် ပင်လောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးစိုင်းမှိုင်းခမ်းက ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များဆောင်ရွက်ထားရှိမှုနှင် ရွေးကောက်ပွဲမတိုင်မီ ကြိုတင်ပြင်ဆင်ထား ရှိမှုများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြောကြားပြီး၊ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရွေးကောက်ပွဲနှင့်ပတ်တက်၍ လိုအပ်သည်များတင်ပြခဲ့ကြရာ လိုအပ်သည့်တင်ပြချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ရှမ်းပြည်နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်ဝင်း၊ ပအိုဝင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်တီအဖွဲ့ဝင်များက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ မဲရုံ ခင်းကျင်း ဆောင်ရွက်ထားမှု အခြေအနေများကို သွားရောက်ကြည်ရှုကြပြီး၊ ဆောင်ရွက်ထားရှိမှု အပေါ်လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
