မောက်မယ် ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မွေတော်ရပ်ကွက်နှင့် ဆီဆုံ ရပ်ကွက်၊ မိုက်ဟုန်းရပ်ကွက်ဆက်သွယ်မည့် နမ့်ယွမ်းချောင်းကူးကြိုးတံတားကို ဇန်နဝါရီလ၁၅ရက် နံနက်ပိုင်းတွင် စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ နမ့်ယွမ်းချောင်းကူးကြိုးတံတားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့နှင့် မွေတော်ရပ်ကွက်ရှိပြည်သူများ ပူးပေါင်း၍ မြို့နယ်အစီအစဉ်ဖြင့်ဆောင်ရွက်မည့် အလျား(၁၃၅)ပေ၊ အကျယ်(၅)ပေရှိ နမ့်ယွမ်း ချောင်းကူးကြိုးတံတားလုပ်ငန်းများ စတင်ဆောင်ရွက်နေမှုအခြေအနေအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် မြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
