‎‎
ကျိုင်းတုံ ဇန်နဝါရီ-၁၄
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ မြေဧက(၁၀၀) ဖော်ထုတ်ရေးစီမံကိန်း အခမ်းအနားကို ဇန်နဝါရီလ ၁၄ ရက် နံနက် ၁၀နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းနော့/ဖာတကျေးရွာအုပ်စု၊ မိုင်းနော့ကျေးရွာ၊ ကုန်းမြင့်လယ်ယာ ရှေ့တန်းစခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းရှေ့)ဥက္ကဌ ဦးတင်လင်း၊ ကျိုင်းတုံခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးနိုးဝေ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် အမှတ်(၂)ကုန်းမြင့်ဒေသလယ်ယာ မြေ ဖော်ထုတ်ရေးစီမံကိန်းရုံးမှ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြည်နယ်မှူး ဦးသိန်းဇာ်ကဧက(၁၀၀) ဖော်ထုတ်ရေးစီမံကိန်း ဆောက်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီးနောက် ကုန်မြေလယ်ယာမြေ ဖော်ထုတ်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ် ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါကြောင်း သိရှိရသည်၊၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့