ကလော ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ် (တောင်ပိုင်း)၊က‌လောခရိုင်၊က‌လောမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂)တွင် ရပ်ကွက် ၂၈ ခု ကျေးရွာအုပ်စု ၂၆ အုပ်စု စုစုပေါင်း ၅၄ အုပ်စု တို့တွင် မဲရုံ စုစုပေါင်း ၁၃၄ ရုံ ၊ စုစုပေါင်းမဲဆန္ဒရှင်ပြည်သူ ၁၃၈၇၆၆ ဦးရှိပြီး မဲရုံအသီးသီး၌ ဇန်နဝါရီလ ၁၂ ရက် နံနက်(၆)နာရီမှ ည‌နေ ၄ နာရီအထိ ကျင်းပခဲ့ပြီး မဲရုံများပိတ်သိမ်း၍မဲလက်မှတ်များ‌ ရေတွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ကျင်းပလျက်ရှိရာတွင်ယနေ့နံနက် (၆) နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်‌ပေးခဲ့ပြီး ညနေ ၄ နာရီအချိန်တွင် မဲ ရုံပရဝုဏ် အတွင်းမဲပေးမည့်မဲဆန္ဒရှင်များကျန်ရှိခြင်းမရှိသည့်အတွက် မဲရုံမှူး က မဲရုံပိတ်သိမ်း‌ ကြောင်းကြေငြာခဲ့သည့်။ထို့နောက် ပါတီဝင်ကိုယ်စားလှယ်‌များ‌ ရှေ့မောက်၌ မဲလက်မှတ်များ‌ ရေတွက်လျက်ရှိကြောင်း၊က‌လောမြို့နယ်တွင် မဲဆန္ဒရှင် ၁၃၈၇၆၆ ဦးရှိ၍ လာရောက်မဲ‌ပေးသည့်မဲဆန္ဒရှင် ၁၀၅၅၈၄ ဦး၊မဲပေးရန်ကျန်ရှိသူဦးရေ ၃၃၁၈၂ ဦး၊‌မဲလာ‌ ရောက်ပေးပြီး ၇၆.၀၉ ရာခိုင်နှုန်းနှင့်မဲ‌ပေးရန်ကျန်ရှိ ရာခိုင်နှုန်း ၂၃.၉၁ ရှိကြောင်းတာဝန်ရှိသူထံမှသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့