တန့်ယန်း ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂)အား ဇန်နဝါရီလ ၁၁ ရက် နံနက် ၆ နာရီမှ စတင်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စု မဲရုံအသီးသီးတို့၌ မဲဆန္ဒရှင်ပြည်သူများ ပျော်ရွှင်ချမ်းမြေ့စွာ ဆန္ဒမဲပေးနေကြသည်။
တန့်ယန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု မဲရုံစုစုပေါင်းပေါင်း (၆၇)ရုံရှိကာ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း (၈၅၀၅၉)ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့